• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နန်းမိုဟွမ်ကို TNLA က ထောင် ၃ နှစ်ချဟု ဆို

by ချစ်မင်းထွန်း
9 October 2018
in သတင်း
A A
Nan Mo Hom (2) TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်း ဒေသခံများ ဆန္ဒပြ တောင်းဆိုနေကြစဉ်  /  စိုင်းသိန်းရွှေ

Nan Mo Hom (2) TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်း ဒေသခံများ ဆန္ဒပြ တောင်းဆိုနေကြစဉ် / စိုင်းသိန်းရွှေ

10.5k
VIEWS
Share on FacebookShare on Twitter

တာဝန် ဝတ္တရား နှောင့်ယှက်သည်ဟု ဆိုကာ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဖမ်းဆီးထားသည့် အရပ်သား နန်းမိုဟွမ်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက် ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှူး ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင် ရပ်ကွက်နေ နန်းမိုဟွမ်ကို ယခုနှစ် သြဂုတ်လ ၇ ရက်က ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၅ ရက်တွင် TNLA ဗဟိုတရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဟု ဆိုသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “စီရင်ချက် ချထားကထောင်ဒဏ် ၃ နှစ် ချလိုက်တာ ဖြစ်တယ်။ ကျန်တဲ့ အပြစ်ဒဏ်ကိစ္စတွေ တော့ အသေးစိတ် မသိရသေးဘူး။ လောလောဆယ် စီရင်ချက် ချလိုက်တဲ့ အကြောင်းကို အသေးစိတ် မသိရသေးဘူး။ အောက်တိုဘာ ၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။ အဲဒီလိုတော့ သိရတယ်”ဟု ဧရာဝတီကို ပြောသည်။

၎င်းက ဆက်လက်ပြီး သူမအား ဝတ္တရား နှောင့်ယှက်မှု ဥပဒေပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့် စစ်ဆေးကာ ပြစ်ဒဏ်ပေးခဲ့ခြင်း ဖြစ်ပြီး မည်သည့် ပြစ်မှုကို ကျူးလွန်ကြောင်း၊ သူမအား မည်သည့်နေရာတွင် တရားစီရင်ခြင်းနှင့် ချုပ်နှောင်ထားကြောင်း ကိုမူ တော်လှန်ရေးကာလ ဖြစ်သည့်အတွက် ထုတ်ဖော် မပြောလိုကြောင်း ဆိုသည်။

နန်းမိုဟွမ်းအား သြဂုတ်လ ၁၇ ရက်က ဝတ္တရားနှောင့်ယှက်သည်ဟု ဆိုကာ TNLA တပ်ဖွဲ့ဝင်အချို့က သူမအား နေအိမ် မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ၂ လနီးပါး အကြာတွင် ယခုကဲ့သို့ ထောင်ဒဏ် အပြစ်ပေးသည်ဟု ပြောဆိုခြင်းဖြစ် သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အထူးအရေးကြီးတဲ့ ကိစ္စကဘာလဲဆိုတော့ ဒီအမျိုး သမီးက ရှမ်းအမျိုးသမီး ဖြစ်နေတော့ အရေးယူတဲ့အဖွဲ့က ပလောင်(တအာင်း) အဖွဲ့ ဖြစ်နေတယ်။ အဲဒီအခါကျတော့ ဒီကိစ္စတခုတည်းနဲ့တင် ကြည့် ရုံနဲ့ မရတော့ဘူး။ ဒါရှမ်းအမျိုးသားနဲ့ ပလောင် အမျိုးသားတွေ ကြားထဲမှာ အထင်အမြင် လွဲမှားမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်စရာ အကြောင်း ရှိတဲ့အတွက် ကျနော်ကတော့ သဘောထား ကြီးကြီးနဲ့ ပြန်လွှတ်ပေးစေချင်တယ်”ဟု ပြောသည်။

ပြစ်ဒဏ်နဲ့ ပတ်သက်၍ မပေးသင့်ကြောင်း၊ သဘောထားကြီးစွာဖြင့် ပြန်လွှတ်သင့်ကြောင်း၊ ယခု TNLA၏ လုပ်ရပ်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အလာအလာကောင်းတရပ်ဟု မမြင်ကြောင်း ၎င်းကဆိုသည်။

“တပ်မတော်နဲ့ ၂ ဖက် စစ်ဖြစ်ပွားနေတဲ့ အခါမှာ တောင်မှ ထိခိုက် ဒဏ်ရာရမှုဆိုတာ သူ့ဘက် ကိုယ့်ဘက်ဆိုတာ ရှိတာဘဲလေ။ ဒါပေမယ့် သာမန် ပြည်သူ တယောက်ကို စနစ်ကျတဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးမရှိတဲ့ အခြေအနေအောက်မှာ တရားမျှတစွာ စီရင်နိုင်မယ်လို့ မထင် ဘူး။ နောက်တခုက ဒီကိစ္စဟာအမျိုးသား ၂ ရပ်ရဲ့ ကိုယ်စားပြုနေတဲ့ အခြေအနေ ဖြစ်တယ်။ ဒဏ်ကြေးငွေ တစုံတရာတောင်းချင် တောင်းပေါ့” ဟု ဦးသန်းစိုးနိုင်က ရှင်းပြသည်။

TNLA အနေဖြင့် နန်းမိုဟွမ်းအား ၎င်းတို့ဖာသာ သတ်မှတ်ထားသည့် ဥပဒေကြောင်းအရ တရားစီရင်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း စွပ်စွဲခံရသူ အနေဖြင့် ဥပဒေအကျိုးခံစားခွင့် ဖြစ်သည့် ရှေ့နေငှားရမ်းခြင်း၊ ခုခံချေပပိုင်ခွင့် စသည့် မရခဲ့ ခြင်းနှင့် ပတ်သက်၍ သူမလွတ်မြောက်ရေး ဆောင်ရွက်နေသူများ အနေဖြင့် ဝေဖန်ထောက်ပြစရာဖြစ်နေသည်။

“မူသဘောအရ ပြောရရင် မထောက်ခံနိုင်ဘူး။ မထောက်ခံနိုင်တဲ့ အကြောင်းက သူတို့ (TNLA) မှာ စနစ်ကျတဲ့ တရား ဥပဒေ အဖွဲ့အစည်းလည်း ရှိတာမဟုတ်ဘူး။ နောက်ပြီးတော့ တည်ငြိမ်တဲ့ ဒေသနဲ့ ထောင်ဆိုတာလည်း စနစ်တကျ ရှိတာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူတယောက်ကို အကြောင်းပြုပြီးတော့ သူတို့အကျိုးစီးပွား ထိခိုက်တာရှိစေနိုင်သလို အလား တူ သူတို့ကြောင့်လည်း ပြည်သူလူထုမှာ ဒုက္ခရောက်ခဲ့တဲ့ ဖြစ်စဉ်တွေကလည်း အများကြီးရှိတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။

နန်းမိုဟွမ်းအား TNLA ဖမ်းဆီးသွားစဉ်ကတည်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က သူမအား ပြန်လွတ်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် ရှမ်းပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပါဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တို့ကလည်း နန်းမိုဟွမ်းအား လွှတ်ပေးရန်အတွက် တောင်းဆိုထားခဲ့ကြသည်။

ရှမ်းလူငယ်များအသင်း (ရန်ကုန်) ဥက္ကဌ စိုင်းအောင်မြင့်ဦးက “စီရင်တဲ့ နေရာတောင် ဘယ်သူမှ မသိရ ဘူး။ အိမ်သားတွေကိုတောင် နှုတ်ပိတ်ထားတယ်။ တရားရေးသာ မှန်ကန်စွာကျင့်ကြံ တယ်ဆို လျှင် အများမြင်သာတဲ့ တရားရုံးမှာ စီရင်ဖို့လိုတယ်။ အခုာစီရင်မှုကိုတော့ မထောက်ခံနိုင်ဘူး”ဟု ဧရာဝတီကို ပြောသည်။

Your Thoughts …
Tags: TNLAနန်းမိုဟွမ်
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
သနားကြပါ

သနားကြပါ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး  / ထက်နိုင် ဇော် / ဧရာဝတီ

ပြည်သူများ အစားဆင်ခြင်ကြရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved