ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်းပါးအုပ်စုထဲမှာရှိတဲ့ ကသိုင်းတောင်မှာ သတ္တုစီမံကိန်းတခု ဖော်ဆောင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကသိုင်းတောင်ဟာ သတ္တုပါဝင်မှုနှုန်း ၅.၅၆ ရာခိုင်နှုန်းရှိတဲ့အပြင် သတ္တုတန်ချိန် သန်း၂၀၀ ကျော်ထုတ်ယူနိုင်တယ်လို့လည်း အစိုးရရဲ့ ကွင်းဆင်းစစ်ဆေးချက်တွေအရ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အခြေအနေ ဆိုးရွားလာတာကြောင့် အဲ့ဒီစီမံကိန်းကို ကန့်ကွက်ဖို့ ကချင်လူမှုအဖွဲ့အစည်း ၆ ဖွဲ့က ပူးပေါင်းအဖွဲ့ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
အင်တာဗျုး/ တည်းဖြတ် – ဝေနှင်းထွဋ်












