• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကရင် BGF ခေါင်းဆောင်တွေ ဘယ်လမ်းရွေးမလဲ

by ထွန်းထွန်း
20 January 2021
in ဆောင်းပါး
A A
ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ  / ထက်ဝေ  / ဧရာဝတီ

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ / ထက်ဝေ / ဧရာဝတီ

26k
VIEWS
Share on FacebookShare on Twitter

အငြင်းပွားမှုတွေနဲ့ ဝေဖန်ခံနေရတဲ့ ရွှေကုက္ကို မြို့သစ်စီမံကိန်း ဂယက်ဟာ တပ်မတော်နဲ့နယ်ခြားစောင့်တပ် (BGF) တို့အကြား အစုလိုက်အပြုံလိုက် နှုတ်ထွက်တဲ့အထိ သဘောထား တင်းမာမှုတွေဖြစ်ခဲ့ပြီး မရေရာတဲ့ အခြေ အနေ ဖြစ်လာခဲ့ပါတယ်။

စီမံကိန်းအနေနဲ့ ခွင့်ပြုချက်ထက်ကျော်လွန်ကာ ဥပဒေမဲ့လုပ်ဆောင်တာတွေကြောင့် အစိုးရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ တပ်မတော်က ပတ်သက်နေတဲ့ အရာရှိ ၃ ဦးကို အရေးယူတဲ့အနေနဲ့ အငြိမ်းစားပေးခဲ့သလို စီမံကိန်း လက်ခံလုပ်ဆောင်နေတဲ့ BGF အနေနဲ့လည်း တာဝန်ယူ၊ တာဝန်ခံစေဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။

BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်းနဲ့ ဗိုလ်မှူးမုတ်သုန်တို့ကို နှုတ်ထွက်ဖို့ တပ်မတော်က ပြောလာချိန်မှာ လက်မခံဘဲ အရာရှိတွေ အစုလိုက်အပြုံလိုက် နှုတ်ထွက်စာတင်ခဲ့ပါတယ်။

ဗိုလ်မှူးမုတ်သုန်ကတော့ ဇန်နဝါရီ ၈ ရက်နေ့ကတည်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ တဦးတည်းအနေနဲ့ နှုတ်ထွက်စာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကတော့ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးကိုယ်တိုင် BGF ခေါင်းဆောင်တွေနဲ့ မြိုင်ကြီး ငူမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစုလိုက်အပြုံလိုက် နှုတ်ထွက်မှုကို ပြန်လည်စဉ်းစားကြဖို့ ပြောခဲ့ပြီး နှုတ်ထွက်စာ တွေကို လက်ခံ/မခံ တိကျတဲ့အဖြေတော့ မရသေးပါဘူး။

တပ်မတော်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း BGF ခေါင်းဆောင်အချို့က အစုလိုက်အပြုံလိုက် နှုတ်ထွက်စာတင်ထားတာကို ပြန်ရုတ်သိမ်းမယ်လို့ ပြောဆိုတာတွေရှိခဲ့ပေမယ့် တကယ့်အဆုံးအဖြတ်အတွက် BGF တပ်ဖွဲ့တွင်း အစည်းအ ဝေးတခုကို ယခုရက်ပိုင်းမှာပဲ ကျင်းပဖို့ရှိနေတယ်လို့ ပြောကြပါတယ်။

ရွှေကုက္ကိုလ်တွင် ပြုလုပ်သည့် BGF နှစ်ပတ်လည်တွင် စစ်ရေးပြနေသည့် BGF တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ယခုလို နှုတ်ထွက်မယ့်ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေအကြား နားလည်မှုရရှိရေး အချိန်အတိုင်းအတာ အခု လိုအပ်ပြီး တပ်ဖွဲ့နဲ့ပတ်သက်တဲ့ စီးပွားရေးပိုင်းတွင်သာ
ရပ်တည်လိုသူအချို့အနေနဲ့ နှုတ်ထွက်ဖွယ်ရှိနေကြောင်း သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။ နှုတ်ထွက်ဖို့ ဖိအားပေးတဲ့အပေါ် လက်မခံတဲ့ BGF ခေါင်းဆောင်တွေကတော့ အမှန်တကယ်နှုတ်ထွက်ရပါက ယခင်လို့ DKBA လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ရပ်တည်မယ်လို့ ထုတ်ဖော်ပြောလာကြပါတယ်။

ဗိုလ်မှူးစောတင်ဝင်းက “မြိုင်ကြီးငူ ဆရာတော်ကြီးရှိတုန်းကလည်း လမ်းညွှန်မှုပေးထားတာပဲ၊ အကယ်၍များ တပ်မတော်အနေနဲ့က ကျနော်တို့ကို မလိုလားအပ်တော့ဘူး ဆိုရင်တော့လည်း အရင်းအတိုင်းပဲပေါ့နော်။ ဆရာ တော်ကြီးရှိစဉ်က DKBA ပုံစံအတိုင်းပဲပေါ့၊ နိုင်ငံတော်ကိုလည်း ပုန်ကန်ဖို့မဟုတ်ဘူး၊ အခြားအဖွဲ့အစည်း တွေကို လည်း တိုက်ခိုက်ဖို့မဟုတ်ဘူး” လို့ ပြောပါတယ်။

ယခုကဲ့သို့ တပ်မတော်အနေနဲ့ စီးပွားရေးအကြောင်းပြကာ နှုတ်ထွက်ဖို့ ဖိအားပေးလာမှုအပေါ် လက်မခံသူတွေလည်း ရှိနေ ပြီး ၎င်းတို့အနေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေရပ်တည်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်နေ ခြင်းသာဖြစ်ပြီး တရားဝင်လုပ်ကိုင်ခွင့်ရဖို့ကို ဆောင်ရွက်ပေးဖို့လည်း BGF ခေါင်းဆောင်အချို့က ပြောကြပါတယ်။

BGF အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြန်လည်ရပ်တည်ဖို့ စဉ်းစားချက်နဲ့ ပတ်သက်လို့တော့ ဖြစ်နိုင်ချေနည်း ပါးကြောင်း နိုင်ငံရေးလေ့ လာသူအချို့က သုံးသပ်ထားပြီး အကျိုးစီးပွား ဆက်နွယ်မှုတွေအပြင် တည်ရှိနေတဲ့ အခြေ အနေတွေအရ တောပြန်ခိုဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

၎င်းကွပ်ကဲမှုအောက်မှာရှိနေတဲ့ BGF အပေါ် စီးပွားရေးလုပ်ချင်ပါက တပ်ကနှုတ်ထွက်ရန် ပြောနေသည့်တပ်မ တော်ကိုယ်၌သည်ပင်လျှင် ဦးပိုင်ကဲ့သို့ အဖွဲ့အစည်းများထူထောင်ကာ နိုင်ငံအနှံ့ အရေးပါတဲ့ စီးပွားရေးအများ အ ပြား လုပ်ကိုင်နေတဲ့အပေါ် ဝေဖန်မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “မြန်မာပြည်မှာ တပ်မတော်ရဲ့ ဦးပိုင်လောက် မြန်မာပြည်ရဲ့ သယံ ဇာတနဲ့ အရေးကြီးတဲ့ စီးပွားရေး လုပ်ငန်းမှန်သမျှ လွှမ်းမိုးထားတာ ဘယ်အဖွဲ့မှမရှိပါဘူး။ ဒါတွေက အဆင်မပြေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာဖြစ်နေကြတဲ့ ကိစ္စတွေပဲ။

အဲ့ဒါတွေက အကျိုးစီးပွားတွေအတွက် စစ်ရေးအရ အပေးအယူလုပ်ဖို့ ခြိမ်းခြောက်နေကြတဲ့ကိစ္စပါပဲ၊ နိုင်ငံရေးအရ သိပ်အရေးကြီးတဲ့ဟာမဟုတ်ပါဘူး။ အကျိုးစီး ပွားတွေ ထိန်းသိမ်းပေးရင်တော့ ဒီလိုပဲနေမယ်ပေါ့။ စစ်ရေးအကြောင်းပြပြီး အကျိုးစီးပွားကာကွယ်ဖို့ လုပ်နေကြ တာပါပဲ” လို့ သုံးသပ်ထားပါတယ်။

နုတ်ထွက်စာတင်ထားသည် ဗိုလ်မှူး စောမုတ်သုန် (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

တပ်မတော်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်မှုတွေနဲ့ ပတ်သက်ပြီး လူထုအကြားမှာ အကြီးအကျယ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ကြာပြီဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ တဖက်မှာလည်း ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းတွေကြောင့် အစိုးရက ကိုင်တွယ်ရာတွင် တာဝန်ရှိတဲ့ ၎င်းကွပ်ကဲမှုအောက်မှာရှိတဲ့ BGF အပေါ် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခြင်းသာဖြစ်လို့ ကြီးမားတဲ့ ပြဿနာ မဖြစ်နိုင်ကြောင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)၊ ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။

ဒေါက်တာမင်းဇော်ဦးက “စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရက တပ်မတော်ကို ခေါ်ပြောတဲ့အခါမှာ အရေးယူဆောင်ရွက်ခဲ့တာ တွေရှိတယ်။ အဲ့ဒီနောက်ပိုင်း BGF ဘက်က တာဝန်ရှိသူတချို့ကို လုပ်ထုံးလုပ်နည်း အရ လုပ်ပုံရပါတယ်။ ညှိနှိုင်း လို့ရှိရင်တော့ အဆင်ပြေသွားမှာပါ၊ ဒီလောက်ကြီးပြဿနာတော့ မကြီးနိုင်ပါဘူး” လို့ သုံးသပ်ထားပါတယ်။

BGF အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ယခုမှ စတင်လုပ်ကိုင်နေတာတော့ မဟုတ်ပါဘူး။ BGF အဖြစ် တိုးတက်သောဗုဒ္ဓ ဘာသာ ကရင့်အမျိုးသားတပ်မတော် (DKBA) မှ တပ်ရင်း ၁၂ ရင်းနဲ့ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF) တပ်ရင်း ၁ ရင်းတို့နဲ့ ၂၀၁၀ ခုနှစ်က စတင်ဖွဲ့စည်းပြီး နောက်ပိုင်းကစလို့ လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

BGF ဖွဲ့စည်းရာမှာလည်း တချို့သောတပ်ဖွဲ့ဝင်တွေဟာ တပ်မတော်ကွပ်ကဲမှုအောက် မနေချင်ခဲ့သလို စစ်အစိုးရ ဘက်ကလည်း တပ်ဖွဲ့ဝင်အားလုံးကို BGF အဖြစ် လက်မခံခဲ့ဘဲ အင်အား ၃ ထောင်ကျော်ကိုသာ တရားဝင် လက်ခံခဲ့တယ် လို့သိရပါတယ်။

ဒီအတွက် ကျန်တပ်ဖွဲ့ဝင်တွေဟာ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့လက်အောက်ကနေ အရန်အင်အားစုအနေနဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။ ဒီလူတွေအတွက် လစာအပါအဝင်အထောက်အပံ့တွေကို BGF အသွင်ပြောင်း လာတဲ့ ခေါင်းဆောင်တွေကပဲ တာဝန်ယူထားတယ်လို့ ခေါင်းဆောင်အချို့က ပြောပါတယ်။

လက်ရှိ BGF ကို ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ လက်အောက်မှာ တပ်နယ် ၄ နယ်(တပ်နယ် ၁ မြိုင်ကြီးငူဒေ သ၊ တပ် နယ် ၂ လှိုင်းဘွဲ့ဒေသ၊ တပ်နယ် ၃ ရွှေကုက္ကိုမြိုင်၊ တပ်နယ် ၄ မြဝတီမြို့တောင်ဘက်)ခွဲထားပြီး တပ်ဖွဲ့ ဝင်အင်အား ၈ ထောင်ခန့်ရှိတယ်လို့ ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူက မီဒီယာတွေကို ပြောထားပါတယ်။ စစ်အစိုးရလက်ထက် KNU အခိုင်အမာစစ်စခန်းတွေကို ထိုးစစ်ဆင်ရာမှာ တပ်မတော်နဲ့ လက်တွဲပူးပေါင်းခဲ့တဲ့ DKBA တွေအနေနဲ့ BGF ဖြစ်လာချိန်မှာ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ စီးပွားရေးအချက်အချာ မြဝတီမြို့နယ်အတွင်း စီးပွားရေး လုပ်ပိုင်ခွင့်တွေရခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ် တရားမဝင်ကူးတို့ဆိပ်တွေက တဆင့် တပတ်ရစ်ကားနဲ့ တခြားကုန်ပစ္စည်း မျိုးစုံ တင်သွင်းနေတာတွေအပြင် ဥပဒေအရ တရားမဝင်သေးတဲ့ ကာစီနိုလောင်းကစားလို လုပ်ငန်းတွေအထိပါ အစိုးရတာဝန်ရှိသူတွေက မျက်နှာသာ ပေးခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်က မြဝတီမြို့အနီး ဖြစ်ပွားသည့် DKBA နှင့် တိုက်ပွဲတွင် တွေ့ရသည့် BGF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

စီးပွားရေးမှာ အဓိကအနေနဲ့လည်း ချစ်လင်းမြိုင်ကုမ္ပဏီအပြင် ကုမ္ပဏီအမည်ခွဲ အချို့ကို တည်ထောင်ကာ လူသိ များတဲ့လုပ်ငန်းတွေအနေနဲ့ ဘားအံမှာရှိတဲ့ ချစ်သူမြိုင် အပန်းဖြေစခန်း၊ ဇွဲကပင်တောင်တက် ကေဘယ် ကားလုပ်ငန်း၊ မြဝတီမြို့ရပ်ကွက် ၆ နဲ့ ၇ အဖြစ် တိုးချဲ့ကွက်သစ်ဖော်ဆောင်ရေး၊ လှိုင်းဘွဲနဲ့ ဖာပွန်ဒေသက ရွှေနှင့် သတ္ထု တူးဖော်ရေးလုပ်ငန်းတွေ အပါအဝင်ဖြစ်တယ်လို့ အစိုးရအချက်အလက်တွေအရ သိရပါတယ်။

ချစ်လင်းမြိုင်ကုမ္ပဏီရဲ့ အချို့သောလုပ်ငန်းတွေအတွက်တော့ ပြည်တွင်း ဘဏ်တချို့ကနေ ကျပ်ဘီလီယံနဲ့ချီတဲ့ ချေးငွေတွေ ရယူခဲ့ရတယ်လို့ သိရပါတယ်။ နောက်ဆုံးအနေနဲ့ တရုတ် ရင်းနှီးမြုပ်နှံသူတွေနဲ့ ပူးပေါင်းပြီး ဗိုလ်မှူးကြီးစောချစ်သူထိန်းချုပ်တဲ့ ရွှေကုက္ကိုမှာ မြို့သစ်စီမံကိန်း လုပ်ဆောင် ရာမှာတော့ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်မှုတွေကြောင့် ရပ်တန့်ထားဖို့ အစိုးရက တားမြစ်ခဲ့ပါတယ်။

စီမံကိန်းရင်းနှီးမြုပ်နှံသူတွေကလည်း လောင်းကစားနဲ့ ငွေကြေးခဝါချမှုကဲ့သို့ ရာဇဝတ်မကင်းသော တရုတ် မာ ဖီးယာဂိုဏ်တွေနဲ့ ဆွယ်နွယ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။ စီမံကိန်းအတွင်းမှာလည်း ဗဟိုဘဏ်က ထိန်းချုပ်မှုမရှိတဲ့ အွန်လိုင်းငွေပေးချေစနစ် ကျင့်သုံးမှုရှိခဲ့ပြီး တရုတ်နိုင်ငံ သားတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လည်ပတ်နေတဲ့ အထောက်အထား တွေ ပေါ်ထွက်ခဲ့ပါတယ်။

BGF ခေါင်းဆောင်တွေကတော့ စီမံကိန်းနဲ့ ပတ်သက်လို့ မြေအသုံးချခွင့်အပါအဝင် လုပ်ငန်းတွေ တရားဝင်လုပ် ကိုင်ခွင့်ရရှိရေး ပြည်နယ်အစိုးရထံ တင်ပြခဲ့ကြပေမယ့် လုံးလောက်တဲ့ ခွင့်ပြုမှုမရှိတဲ့အတွက် တရားမဝင်သကဲ့သို့ ဖြစ်ရကြောင်း ဆိုကြပါတယ်။

“BGF ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့က တပ်မတော်ဘက်ကလည်း မူတည်တာပေါ့နော်။ တပ်မတော်နဲ့ လက်တွဲလာတာလည်း ဟိုး DKBA အနေနဲ့ ၁၅ နှစ်၊ BGF အနေနဲ့ ၁၁ ရှိပြီပေါ့နော်။ သူတို့ရဲ့ သဘောထားအပေါ်မှာလည်း မူတည်တယ်လို ကျနော်ထင်ပါတယ်”

ဒါ့အပြင် စီမံကိန်းကိုလည်း ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေး ရည်ရွယ်ကာ ဆောင်ရွက်ခဲ့ တာဖြစ်သလို အစိုးရထံ တရားဝင်အခွန်ဆောင်ကာ လုပ်ကိုင်ဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုကြပါတယ်။ ထိန်းချုပ်မှုရှိတဲ့ ကာစီနိုလုပ်ငန်းကတော့ တချိန်မှာ ဥပဒေအရ တရားဝင်ဖွင့်ခွင့် ရလာနိုင်ချေရှိပါတယ်။

ဗိုလ်မှူးစောတင်ဝင်းက “ကျနော်တို့ဘက်ကတော့ အစိုးရက ကျနော်တို့ကို ကူညီစောင့်ရှောက်ပေးမယ်လို့ပဲ မျှော် မှန်းထားပါတယ်။ သူတို့ ကူညီမယ်၊ မကူညီဘူး ဆိုတာကတော့ သူတို့အပိုင်းပေါ့။ ကျနော်တို့ကတော့ သူတို့ကို အများကြီး မျှော်လင့်ချက်ထားပါတယ်” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ကတော့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းနဲ့ ပတ်သက်လို့ BGF တွေ ပါဝင်နေတဲ့အတွက် ကိုင်တွယ်ရခက်ခဲပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကိုပါ ထည့်သွင်းစဉ်းစားနေရတယ်လို့ ဆိုပါတယ်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ရွှေကုက္ကိုက နည်းနည်းလေးရှုပ်တယ်၊ နည်းနည်းလေးလည်း ထိလွယ် ရှလွယ်ဖြစ်တယ်။ အရင်ခွင့်ပြုထားတဲ့ ခွင့်ပြုချက်တွေ၊ စီမံကိန်းတွေထဲမှာ ဘယ်ကိစ္စကတော့ အရေးယူမယ်၊ ဘယ်ကိစ္စကတော့ ပြုပြင်မယ်။ ဘယ်ကိစ္စတွေကိုတော့ အပြီးဖျက်သိမ်းမယ်ပေါ့နော်။ အဲ့ဒီ ၃ ပိုင်းပေါ့၊ အဲ့ဒါတွေကို ကျနော်တို့ လုပ်တဲ့အခါမှာလည်း အပြီးအပြတ်လုပ်ဖို့၊ ဒီသုံးပိုင်းနဲ့ လုပ်တဲ့အခါမှာ ဥပဒေနဲ့လည်း ညီရမယ်၊ ဒါတွေကိုတော့ စနစ်တကျလုပ်နေပါတယ်” လို့ ပြောထားပါတယ်။

၂၀၁၅ ခုနှစ်က မြဝတီမြို့အနီး ဖြစ်ပွားသည့် DKBA နှင့် တိုက်ပွဲတွင် တွေ့ရသည့် BGF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

တကယ်တော့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းလို တရုတ်လုပ်နိုင်ငံသားတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ လုပ်ဆောင်နေတဲ့ တရားမဝင် လောင်းကစားတွေ၊ ကာစီနိုတွေဟာ လက်နက်ကိုင်တွေထိန်းချုပ်တဲ့နယ်စပ်ဒေသအများစုမှာ လုပ်ကိုင် နေကြတာ ဆယ်စုနှစ်ချီနေပြီဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေ၊ လူမှောင်ခိုတွေ၊လုပ်ကြံ သတ်မှတ် မှုတွေဟာ များစွာဖြစ်ပျက်ခဲ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက် အစိုးရတွေက လစ်လျူရှုကာ ဥပဒေစိုးမိုးရေး အားနည်းပျက်ယွင်းခဲ့ တာဖြစ်ပေမယ့် လက်ရှိအစိုးရလက်ထက်မှာတော့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းကအစပြုလို့ နယ်စပ်ဒေသစီမံကိန်း တွေ ဖော်ဆောင်ရာမှာ လိုက်နာရမယ့် စံလုပ်ထုံးလုပ်နည်း (SOP) တခုကို စတင်ရေးဆွဲနေတယ်လို့ ဆိုပါတယ်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
120
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
173
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
547

“အစိုးရအနေနဲ့က တရားဥပေဒဘောင်ထဲက လုပ်တဲ့ဟာကျ လက်ခံမှာပေါ့၊ ဥပဒေဘောင်ကျော် လုပ်တာတွေတော့ လက်ခံမှာမဟုတ်ဘူး။ တပ်မတော်က ကာကွယ်ပေးနေရင်တော့ အစိုးရလည်း အရေးယူနိုင်မှာ မဟုတ်ပါဘူး။ ပုံပျက်ပန်းပျက် စီးပွားရေးပုံစံတွေ ထွက်လာမှာပါပဲ”

သို့ပေမယ့် အကျိုးစီးပွားထိခိုက်လာမယ့် လက်နက်ကိုင်တွေက လိုက်နာဖို့ မသေချာသလို ရွှေကုက္ကိုမြို့သစ် စီမံ ကိန်းနဲ့ပတ်သက်လို့ ဘယ်အချက်ကို ဘယ်လိုအရေးယူမယ်ဆိုတာ တိကျတဲ့ထုတ်ဖော်ပြောဆိုမှုတွေ မရှိသေးတဲ့ အတွက်လည်း BGF အနေနဲ့ လိုက်နာမယ်၊ မနာဘူးဆိုတာ မပြောနိုင်သေးတဲ့ အခြေအနေပဲဖြစ်ပါတယ်။

ဦးသန်းစိုးနိုင်က “အစိုးရအနေနဲ့က တရားဥပေဒဘောင်ထဲက လုပ်တဲ့ဟာကျ လက်ခံမှာပေါ့၊ ဥပဒေဘောင်ကျော် လုပ်တာတွေတော့ လက်ခံမှာမဟုတ်ဘူး။ တပ်မတော်က ကာကွယ်ပေးနေရင်တော့ အစိုးရလည်း အရေးယူနိုင်မှာ မဟုတ်ပါဘူး။ ပုံပျက်ပန်းပျက် စီးပွားရေးပုံစံတွေ ထွက်လာမှာပါပဲ” လို့လည်း ပြောပါတယ်။

လတ်တလောမှာလည်း မြို့သစ်စီမံကိန်းရှိနေတဲ့ ရွှေကုက္ကိုမြိုင်ကို မြို့အဆင့်တိုးမြှင့်ပြီး အစိုးရအုပ်ချုပ်ရေး ယန္တ ရားအောက်တွင် ထားရှိနိုင်ရေး ဆောင်ရွက်လျှက်ရှိရာမှာ စီမံကိန်းအကောင်အထည်ဖော်နေတဲ့ ချစ်လင်းမြိုင် ကုမ္ပ ဏီဘက်က လုပ်ငန်းတွေကို တရားဝင်ရပ်တည်ခွင့်ရရေး ကြိုးပမ်းနေပြီး ဥပဒေနဲ့အညီသာ လုပ်ကိုင်ချင်တယ် လို့ လည်းဆိုထားပါတယ်။

နှုတ်ထွက်စာတင်ထားကြတဲ့ BGF ခေါင်းဆောင်တွေအနေနဲ့လည်း ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုး ရေးအတွက်သာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လိုသည့် သဘောထားရှိပြီး အစိုးရနဲ့ တပ်မတော်ဘက်က ၎င်းတို့အပေါ် နာလည်းကူညီဖို့ကို မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောထားကြပါတယ်။ ဗိုလ်မှူးစောတင်ဝင်းက “BGF ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့က တပ်မတော်ဘက်ကလည်း မူတည်တာပေါ့နော်။ တပ်မတော်နဲ့ လက်တွဲလာတာလည်း ဟိုး DKBA အနေနဲ့ ၁၅ နှစ်၊ BGF အနေနဲ့ ၁၁ ရှိပြီပေါ့နော်။ သူတို့ရဲ့ သဘောထားအပေါ်မှာလည်း မူတည်တယ်လို ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။

အကျိုးစီးပွားတွေပါဝင်နေပြီး လတ်တလော တပ်မတော်ရော BGF ကပါ အကောင်းဘက်ရှုမြင်ထားတဲ့ BGF ခေါင်းဆောင်တွေ နှုတ်ထွက်ရေး၊ မထွက်ရေးဟာ လာမယ့်ရက်ပိုင်းမှာ ကျင်းပမယ့် BGF ခေါင်းဆောင်တွေအစည်း အဝေးမှာ အဖြေတစုံတခု ပေါ်ထွက်လာဖွယ်လည်း ရှိနေပါတယ်။ အဲဒီအစည်းအဝေးမှာတော့ BGF ခေါင်းဆောင် ၃ ဦးအနေနဲ့ ဘယ်လမ်းကို ရွေးမလဲ ဆိုတာကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

You may also like these stories:

နိုင်ငံတော်ကို ပုန်ကန်ဖို့မဟုတ်ဘူး

အစုလိုက် နုတ်ထွက်သည့် အစီအစဉ် BGF ပြန်ရုပ်သိမ်း

BGF နှင့်တင်းမာမှုကို အကောင်းဆုံးအခြေအနေ မျှော်လင့်ကြောင်း တပ်မတော်ပြော

ကရင် နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ အပြောင်းအလဲ ရှိမလား

Your Thoughts …
Tags: BGFDKBAတပ်မတော်ဗိုလ်မှူးကြီး စောချစ်သူအစိုးရ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.7k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

Next Post
ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် CCTV ကင်မရာတွင် တွေ့မြင်ရသော ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်က မြန်မာအမျိုးသမီးကို ညအချိန် အချုပ်မှ ခေါ်ထုတ်စဉ် / Khaosad

အဓမ္မကျင့်သည်ဆိုသော ထိုင်းရဲကို ထိရောက်စွာ ပြစ်ဒဏ်ပေးရေး မြန်မာသံအမတ်တိုက်တွန်း

၂၀၂၀ ခုနှစ် ဇွန်လအတွင်းက ဘုရားစေတီ အဆူ ၃၀ကျော် ဖောက်ထွင်းခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ချထားကာ ဆောင်ရွက်နေပုံ / ဇော်ဇော် / ဧရာဝတီ

တားမြစ်ထားသော်လည်း ပုဂံအမွေအနှစ်ဇုန်အတွင်း တိုးချဲ့ဆောက်လုပ်မှုများ ရှိနေ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved