• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တားမြစ်ထားသော်လည်း ပုဂံအမွေအနှစ်ဇုန်အတွင်း တိုးချဲ့ဆောက်လုပ်မှုများ ရှိနေ

by ဇူးဇူး
21 January 2021
in သတင်း
A A
၂၀၂၀ ခုနှစ် ဇွန်လအတွင်းက ဘုရားစေတီ အဆူ ၃၀ကျော် ဖောက်ထွင်းခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ချထားကာ ဆောင်ရွက်နေပုံ / ဇော်ဇော် / ဧရာဝတီ

၂၀၂၀ ခုနှစ် ဇွန်လအတွင်းက ဘုရားစေတီ အဆူ ၃၀ကျော် ဖောက်ထွင်းခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ချထားကာ ဆောင်ရွက်နေပုံ / ဇော်ဇော် / ဧရာဝတီ

16.1k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၏ အမွေအနှစ် ထိန်းသိမ်းရေးဇုန် (Property Zone) အ တွင်း အဆောက်အအုံသစ် တိုးချဲ့ခြင်းများ မပြုလုပ်ရန် တားမြစ်ချက်များ ရှိသော်လည်း ဆက်လက် ဆောက်လုပ်နေမှုများ ရှိနေကြောင်း သိရသည်။

ပုဂံကို ကမ္ဘာ့အမွေအနှစ် တင်သွင်းကတည်းက အနီရောင်ဇုန် ဟုခေါ်သည့် Property Zone အတွင်းရှိ ဟိုတယ်များ ဆောက်လုပ်ခြင်းကို ရပ်ထားမည် ဖြစ်ကြောင်း၊ ရှိနေသည့် ဟိုတယ်များကိုလည်း အချိန်ကာလ တခုသတ်မှတ်ပြီး ရွှေ့ ပြောင်းပေးနိုင်ရေး စီမံသွားမည်ဟု မြန်မာအစိုးရက ယူနက်စကိုအား ကတိကဝတ် ပြုထားပြီးဖြစ်သည်။

သို့သော် မြေပြင်၌ Propety Zone အတွင်း စီမံကိန်းများကို ဆက်လက် ဆောင်ရွက်နေကြသကဲ့သို့ တချို့က အဆောက် အအုံများကို ရှေးဟောင်း အမွေအနှစ်များနှင့် နီးကပ်စွာ ဆောက်လုပ်နေပြီး စက်ယန္တရားများ အသုံးပြုနေသည်ကိုပါ တွေ့ ရကြောင်း ပုဂံဒေသခံ တဦးဖြစ်သူ ဦးမျိုးဆက်စံက ပြောပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က အမွေအနှစ်ဇုန်အတွင်း ဟိုတယ် စီမံကိန်းတခုဖြစ်သော ဧဒင်စီးပွားရေး လုပ်ငန်းစုပိုင် Eden Hotel and Resort Bagan ဟိုတယ်ဝန်း အတွင်းရှိ ဘုရားအမှတ် ၁၃၅၈ အနီး၌ စက်ယန္တရားများဖြင့် အဆောက်အအုံ တည်ဆောက်နေသည် ဟုဆိုကာ ဒေသခံပြည်သူများ၏ သတင်းပေးမှုဖြင့် ရှေးဟောင်းသုတေသန ဦးစီးမှူး၊ မြို့နယ် ဒု အထွေထွေ အုပ်ချုပ်ရေးမှူး၊ နယ်မြေခံ ရဲတပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် လိုက်ပါသွားခဲ့သည့် ဦးမျိုးဆက်စံက ဘုရားအမှတ် ၁၃၅၈ နှင့် ၁၂ ပေခန့်အကွာ၌ ရေကူးကန်၊ ကျား အဝတ်လဲခန်း၊ မ အဝတ်လဲခန်းများ ဆောက်လုပ်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ယန္တရားများကိုလည်း တွေ့ရသည်ဟု ဆိုသည်။

Eden Hotel and Resort Bagan ဟိုတယ်ဝန်း အတွင်း ရှေးဟောင်း စေတီ/ပုထိုး ၂၄ ဆူ ရှိကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)၏ အချက်အလက်များအရ Property Zone အတွင်းရှိ ဟိုတယ် ၁၅ လုံး ရှိသည့်အနက် ၈ လုံးမှာ လုပ်ငန်း လည်ပတ်နေပြီး ကျန် ၇ လုံးမှာ ဆောက်လုပ်ဆဲများဖြစ်ကြောင်း၊ အဆို ပါ ၇ လုံးအနက် ၄၉ ဒသမ ၄၁ ဧက ကျယ်ဝန်းသည့် Eden Hotel and Resort Bagan လည်း ပါဝင်သည်ကိုတွေ့ရသည်။

Eden Hotel and Resort Bagan ဟိုတယ်ဝန်း အတွင်း ရှေးဟောင်း စေတီ/ပုထိုး ၂၄ ဆူ ရှိကြောင်း သိရသည်။

ဌာနက ပုံမှန်လုံခြုံရေး ဆောင်ရွက်နေချိန် ဘုရားကြီးအနီး ဘူဒိုဇာဖြင့် ထိုးနေသည် ဟူသော ဒေသခံများ၏ သတင်းပေးမှု ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က သွားရောက် စစ်ဆေးခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော် သွားစစ်ချိန်၌ ထိုကဲ့သို့ ဆောင်ရွက်နေခြင်းမျိုး မတွေ့ရကြောင်း ပုဂံ ရှေး/သုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ပြောသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့က သူတို့ကို ခွင့်ပြုချက် ပေးထားပြီးသားအတိုင်း ဆောင်ရွက်တာ။ ခွင့်ပြုချက် ကျော်လွန် လုပ် ဆောင်တာမျိုး သွားစစ်တဲ့ အချိန်တော့ မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။

ရှေး/သု ဌာနအနေဖြင့်လည်း ယဉ်ကျေးမှု အမွေအနှစ်များအနီး၊ ဘုရားဘေးဝန်းကျင်များတွင် စက်ယန္တရားများ အသုံးမပြု ဘဲ ဆောင်ရွက်ရန် အမိန့်စာ၊ ညွှန်ကြားစာများ အကြိမ်ကြိမ် ထုတ်ပြန်ပြီး တားမြစ်ထားကြောင်း သိရသည်။

၂၀၀၄၊ ၂၀၀၅ လောက်ကတည်းက ဧဒင်အနေဖြင့် အဆောက်အအုံပေါင်း ၈၁ လုံး ဆောက်လုပ်ခွင့် ရထားပြီး ဖြစ်သော် လည်း ယခုအချိန်ထိ အလုံးစုံ ပြီးစီးမှု မရှိသေးဘဲ ဆောက်လက်စများအား ပြန်လည်ပြုပြင်ခြင်း၊ အခန်းဖွဲ့ခြင်း၊ အခန်းတွင်း ပြင်ဆင်ခြင်း စသည်ဖြင့် နည်းနည်းချင်း ဆောင်ရွက်နေပြီး ဟိုတယ်ဖွင့်လှစ် လုပ်ကိုင်သည့် အနေအထားကို မရောက်ရှိ သေးကြောင်း ဒေါက်တာ သန်းထိုက်က ရှင်းပြသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဧရာဝတီက ဧဒင်စီးပွားရေး လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို ဆက်သွယ် မေးမြန်းရာ ရှောင် တခင် ဝင်ရောက် စစ်ဆေးမှုကို မသိသေးကြောင်း၊ လုပ်လက်စများကို ဆက်လုပ်နေခြင်းမျိုး ရှိကြောင်း၊ လုပ်ငန်းဆောင် ရွက်မှု အနေဖြင့် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း ပြောသည်။

ဘုရားများအနီး ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ၎င်းက “အဲဒါတွေကတော့ သေချာ တင်ပြပြီးတော့ ရှေးဟောင်းအဖွဲ့ တွေ ဘာတွေနဲ့ သေချာစိစစ်ပြီးတော့မှ ခွင့်ပြုထားတာ” ဟု ဆိုသည်။

စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးချစ်ခိုင် အနေဖြင့်၂၀၀၄ ကတည်းက ဆောက်လုပ်ခွင့် ရထားသော်လည်း ၁၇ နှစ် ကြာသည့်တိုင် ဆောက်လုပ်မှု မပြီးစီးသည့်အပေါ် ဒေသခံများက အမျိုးမျိုး ပြောဆိုဝေဖန်နေကြသလို Property Zone အတွင်းရှိ ဟိုတယ်များ ၂၀၂၈ တွင် ဖျက်သိမ်းပေးရမည်ဆိုလျှင် လုပ်ငန်းလည်ပတ်မှု မရှိသေးသော ဦးချစ်ခိုင်အနေဖြင့် လည်း ၎င်း၏ ဟိုတယ်စီမံကိန်းအား ဝန်ကြီးဌာနကို ပြန်လည် အပ်နှံသင့်သည်ဟူသော ပြောဆိုမှုများလည်း ရှိသည်။

ဦးချစ်ခိုင်က “အန်ကယ်တို့ကတော့ လုပ်လက်စ တခုကို ပြီးအောင် လုပ်ဖို့ ရှိတယ်။ အခုလည်း နိုင်ငံတော်က ရှေးဟောင်းနဲ့ ပတ်သက်လို့ ပညာရှင်တွေ၊ အကြံပေးတွေနဲ့ ဒီပုဂံကိစ္စကို အန်ကယ်တို့ Site တွေလည်း လိုက်စစ်တာ ရှိတာပဲ။ ဆွေးနွေး နေတယ်။ နောက်ဆုံးအဖြေတော့ ဘာမှန်းလည်း မသိရသေးဘူး။ နောက်ဆုံး အန်ကယ်တို့က အများဆိုရင် အများအတိုင်း လိုက်နာရမှာပေါ့။ အန်ကယ်တို့က ရှေးဟောင်းဆိုတဲ့ ဥစ္စာမှာ အတင်းဇွတ် လုပ်နေတာ မဟုတ်ပါဘူး” ဟု ပြောသည်။

Property Zone အတွင်း ဟိုတယ် စီမံကိန်းများ ဆက်လက် လုပ်ကိုင်နေခြင်းသည် ယူနက်စကိုသို့ ပေးထားသည့် ကတိ ကဝတ်ကို မျက်ကွယ်ပြုရာ ရောက်သကဲ့သို့၂၀၁၉ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ကိုလည်း ချိုးဖောက်ရာ ရောက်ကြောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
19
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
11
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64

“သူတို့က ဘာအကြောင်းပြချက်ပေးလဲဆို ဆောက်လုပ်ခွင့် ကို အရင်ကတည်းက ရထားတယ်ပေါ့။ အဲဒီတော့ ဆောက်လုပ်ခွင့်သည် ဘယ်တုန်းကပဲ ရရ ကမ္ဘာ့အမွေအနှစ် ဝင်ပြီးသွား တဲ့ နောက်ပိုင်းမှာ ဆောက်လို့ မရဘူး။ ဆောက်လုပ်ခွင့်ကို အရင်တုန်းက ရထားတယ်ဆိုရင် အဲဒီအရင်တုန်းက ဆောက် ထားလေ။ အခုမှတော့ ဆောက်လို့ မရတော့ဘူး”

အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်တဦးဖြစ်သူ ဒေါ်ဥမ္မာမျိုးက “သူတို့က ဘာအကြောင်းပြချက်ပေးလဲဆို ဆောက်လုပ်ခွင့် ကို အရင်ကတည်းက ရထားတယ်ပေါ့။ အဲဒီတော့ ဆောက်လုပ်ခွင့်သည် ဘယ်တုန်းကပဲ ရရ ကမ္ဘာ့အမွေအနှစ် ဝင်ပြီးသွား တဲ့ နောက်ပိုင်းမှာ ဆောက်လို့ မရဘူး။ ဆောက်လုပ်ခွင့်ကို အရင်တုန်းက ရထားတယ်ဆိုရင် အဲဒီအရင်တုန်းက ဆောက် ထားလေ။ အခုမှတော့ ဆောက်လို့ မရတော့ဘူး” ဟု ပြောသည်။

တချို့ကလည်း အဟောင်းပြင်သည် ဆိုပြီးမှ ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းများ ရှိနေကြောင်း၊ အဟောင်းပြင်ရာ၌ မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်သလားဆိုသည်ကို ဆန်းစစ်ရမည် ဖြစ်သကဲ့သို့ မဖြစ်မနေ ပြင်ရမည်ဆိုပါကလည်း မည်မျှ အတိုင်း အတာထိသာ ပြင်ဆင်၍ ရမည်ဆိုသည့် ကန့်သတ်ချက် ရှိရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဒေါ်ဥမ္မာမျိုးက “တကယ်တမ်း မဖြစ်မနေ ပြင်ဖို့ လိုသလားလို့ စဉ်းစားရင် သူတို့သည် ၂၀၂၈ ကျရင်တောင် ထွက်ပေးရ တော့မှာလေ။ အခု အချိန်ကျမှ ဒါတွေကို အခိုင်အခံ့ ပြန်ပြင်ဖို့ လိုသေးလား၊ မလိုတော့ဘူးလား ထည့်စဉ်းစားစရာပေါ့။ အခိုင်အခံ့ကြီးတွေကို နောက်ထပ် နှစ်သုံးလေး ငါးဆယ်လောက် ဆောက်ဖို့အတွက်က မလုပ်သင့်တော့ဘူး” ဟု ဆိုသည်။

ပုဂံကို ၂၀၁၉ ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ကတည်းက မြန်မာနိုင်ငံက ပြင်ဆင်ဖြေရှင်းရ မည့် အချက် ၁၈ ချက်ကို ၂၀၂၁ ဒီဇင်ဘာ ၁ ရက် မတိုင်မီ ပြန်လည် အကြောင်းကြားရမည် ဖြစ်သည်။

ထိုအထဲတွင် အချက်အမှတ် ၁၂ သည် အမွေအနှစ်ဇုန်အတွင်း ဝင်ရောက် ဆောက်လုပ်ထားသည့် မြေပေါ်မြေအောက် အမွေအနှစ်များကို ထိခိုက်ဖျက်ဆီးနေသည့် ဟိုတယ်များနှင့် အခြား ခရီးသွားလာရေးဆိုင်ရာ အဆောက်အအုံများကို အပြီး တိုင်ဖယ်ရှားပေးရန် ဖြစ်သည်။

ထို့ပြင် ရေရှည် ဟိုတယ် မဟာဗျူဟာကို ICOMOS နှင့် ကမ္ဘာ့အမွေအနှစ် စင်တာတို့၏ အကြံဉာဏ်များရယူလျက် အမွေ အနှစ်ဇုန်ပြင်ပတွင် ဟိုတယ်ဇုန်များ ဖော်ထုတ်ကာ အဆောက်အဦးတည်နေရာ၊ အမြင့်၊ ပုံစံများ ချမှတ်ပြီး အမွေအနှစ် ထိ ခိုက်နိုင်မှုအပေါ် လေ့လာဆန်းစစ်ချက် (HIA) ထောက်ခံချက်ဖြင့် ဆောင်ရွက်နိုင်သည် ဟူ၍လည်း ပါရှိသည်။

အဆိုပါ မဟာဗျူဟာအား အစိုးရမှ ငှားထားသည့် အကြံပြုပညာရှင် ဒေါက်တာ ရစ်ချတ်မက်ကေးက ရေးဆွဲနေကြောင်း၊ Property Zone အတွင်းရှိ ဟိုတယ်များကို ၂၀၃၂ တွင် ဟိုတယ်ဇုန် ၄ သို့ ပြောင်းရွှေ့ဖွင့်လှစ်ဆောင်ရွက်ရန်၊ ရှိပြီးသား အဆောက်အအုံများကို အကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် စသည်ဖြင့် အစောပိုင်း ဆွေးနွေးမှု များ ရှိကြောင်း ပုဂံ ရှေး/သုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ရှင်းပြသည်။

ယင်း မဟာဗျူဟာ ပေါ်လာမှသာ သက်ဆိုင်ရာ ဟိုတယ်ပိုင်ရှင်များ၊ ဌာနဆိုင်ရာများနှင့် အသေးစိတ် ညှိနှိုင်းရမည် ဖြစ်ပြီး အစိုးရထံ ပြန်အပ်သင့်၊ မသင့် ကိစ္စများနှင့် ပတ်သက်၍လည်း ဆက်လက် ဆွေးနွေးရဦးမည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ၏ ၁/၂၀၂၀ အစည်းအဝေး ဆုံးဖြတ်အချက်အရ ဧရာဝတီမြစ်ကမ်းဘေးရှိ ဟိုတယ်များအနေဖြင့် လက်ရှိ ရှိပြီးသား အဆောက်အအုံအပြင် အသစ်ထပ် မံ တိုးချဲ့ဆောက်လုပ်ခြင်း မပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

ဒေါက်တာ သန်းထိုက်က “လုပ်ငန်းရှင် ကြီးကြီးထဲက ဧရာဟိုတယ်ဆို ဆောက်လက်စ ဟိုတယ်လေးတွေ မဆောက်ရပါ ဘူးလို့ ပြောတယ်။ ဆက်လုပ်တယ်။ ကျနော်တို့ကလည်း ဥပဒေကြောင်းအရ အရေးယူတယ်။ နောက်ပိုင်း သူတို့ မလွတ် ကင်းပါဘူးဆိုတဲ့ ဟိုတယ် အဆောက်အအုံ၂ လုံး T3 နဲ့ T5 ကို ပြန်ဖျက်လိုက်တယ်။ ဒီလို အရေးယူဆောင်ရွက်မှုလည်း ရှိ ပါတယ်” ဟု ပြောသည်။

ထို့ပြင် ပုဂံမြို့သစ် အရှေ့မြောက်ဘက်ရှိ တာမဏီဘုန်းကြီးကျောင်းနှင့် ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီများအနီး ခွင့်ပြု ချက် မရဘဲ ခြံဝန်းခတ်ခြင်း၊ ခေမရဌ် ဘုန်းကြီးကျောင်းဝန်းအား သံဆူးကြိုးများဖြင့် ကာရန်ခြင်း စသည်ဖြင့် နည်းလမ်း အမျိုး မျိုးဖြင့် ကျူးကျော်၊ တည်ဆောက်နေမှုများကိုလည်း တားမြစ်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

၂၀၂၀ ဇန်နဝါရီလ အတွင်းကလည်း ပုဂံမြို့သစ်အနီး ပုဂံ-ချောက် ကားလမ်းဘေးရှိ ပျူလေးဆူတန်း ဘုရားများ၏ နောက် တါင် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် မြေအောက်အနက် ၄ ပေမှ ၅ ပေအထိ တူးဖော်ကာ ဖောင်ဒေးရှင်း လုပ် ငန်းများ ဆောင်ရွက်နေမှုကြောင့် ဝေဖန် ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။

ပုဂံသည် ကမ္ဘာ့အမွေအနှစ် ဒေသတခု ဖြစ်သွားသောကြောင့် ကမ္ဘာ့အမွေအနှစ် ဒေသနှင့် ထိုက်တန်သည့် စီမံခန့်ခွဲမှု လို အပ်ကြောင်း၊ ထိုသို့ စီမံခန့်ခွဲနိုင်ရေးအတွက် ရည်ရွယ် ရေးဆွဲထားသည့် ဘက်စုံ စီမံခန့်ခွဲရေး မူဘောင် (Integrated Management Framework– IMF) ကို ရှေး/သုအပြင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင် အားလုံးက နား လည်ပြီး လိုက်နာ ကျင့်သုံးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ် ဥမ္မာမျိုးက တိုက်တွန်းသည်။

ပုဂံဒေသတွင် ယဉ်ကျေးအမွေအနှစ်များကို နည်းအမျိုးမျိုးဖြင့် ထိခိုက်စေမည့် ဆောင်ရွက်ချက်များကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ တည်တံ့ရေးအတွက် အမွေအနှစ် ချစ်မြတ်နိုးသူများက စိုးရိမ်လျက် ရှိကြသကဲ့သို့ ပုဂံကို အန္တရာယ်ရှိနေ သည့် ကမ္ဘာ့အမွေအနှစ်ဒေသ (World Heritage in Danger) အဖြစ် သတ်မှတ်ခြင်း ခံရနိုင်သည့် အဆင့်သို့ ရောက်သွား နိုင်ကြောင်း သတိပေး ပြောဆိုမှုများလည်း ရှိသည်။

You may also like these stories:

ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့်

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်း ကန့်ကွက်မှုများရှိနေ

ဟိုတယ် ၁၀၀၀ ခန့် ယာယီပိတ်၊ ဝန်ထမ်း ၃ သောင်းခန့် အလုပ်လက်မဲ့ဖြစ်

Your Thoughts …
Tags: Eden Hotel and Resort Baganကမ္ဘာ့အမွေအနှစ်ပုဂံအမွေအနှစ်ဇုန်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.2k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

by ဧရာဝတီ
27 November 2023
3.6k

လတ်တလော၌ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ စစ်ရေးအရှိန် မြင့်လာခြင်းတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ပြောသည်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

by ခွာညို
1 April 2024
2.3k

ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ...

စစ်ကိုင်းမြို့

စစ်ကိုင်းမြို့

by ဧရာဝတီ
20 April 2025
1.7k

မူလ အမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းလို့ ပြောင်းလဲ ခေါ်တွင် ခဲ့တယ် လို့လည်း…

ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်း

by ဧရာဝတီ
6 April 2025
1.2k

မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံးလို့ ယူဆရတဲ့ ငလျင်မှာ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက် မနက် ၃ နာရီခန့်မှာ လှုပ်တဲ့ မေမြို့ ငလျင် ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
ဒါရိုက်တာ ပွင့်သိင်္ဂီဇော်  / Pwint Theingi Zaw's Facebook

“အနုပညာမှာ စည်းတွေဘောင်တွေ မရှိသင့်ဘူး”လို့ ပွင့်သိင်္ဂီဇော် ဆို

အမေရိကန် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ လေဒီဂါဂါ  / AP

အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖျော်ဖြေခဲ့ကြသူများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved