• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်း ကန့်ကွက်မှုများရှိနေ

by ဇူးဇူး
15 October 2020
in သတင်း
A A
ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းဖြင့် အပင်စိုက်ရန် လုပ်ငန်းဆောင်ရွက်ကြစဉ် /  မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း / facebook

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းဖြင့် အပင်စိုက်ရန် လုပ်ငန်းဆောင်ရွက်ကြစဉ် / မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း / facebook

5k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ပုဂံဒေသ စိမ်းလန်းစိုပြည်ရေး ခေါင်းစဉ်ဖြင့် သစ်ပင် ၃၀၀၀ ခန့် စိုက်ပျိုးမည့် စီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ထွက်ပေါ်လျက် ရှိသည်။

အဆိုပါ စီမံကိန်းကို ဆောင်ရွက်ရာ၌ ပုဂံဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်တည်ရှိရာဇုန် (Property Zone) အတွင်း စက် ယန္တရား(မြေတူးစက်၊ မြေကော်စက်)များဖြင့် ဆောင်ရွက်နေခြင်း၊ အပင်စိုက်ရန် မြေတူးခြင်းကြောင့် ရှေးဟောင်း အုတ်ရိုး များ ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ စီမံကိန်းကြောင့် ပုဂံ၏ ယဉ်ကျေးမှုဝိသေသရှုခင်း(Cultural Landscape) အား ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခြင်းတို့ကြောင့် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း (MAA)က အောက်တို ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

MAA အသင်း အတွင်းရေးမှူး ကိုသူရအောင်က “အပင်စိုက်တာကိုလည်း သဘောမတူဘူး။ Property Zone အတွင်းမှာ စိုက်လို့မရသလို စက်ယန္တရားတွေ သုံးတာဟာလည်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ အဲဒီ ၂ ချက်ကြောင့် ကန့်ကွက်တာ” ဟု ဧရာဝတီကို ပြောသည်။

ပုဂံဒေသ၏ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများမှာ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနှင့် လိုက်လျောညီထွေ စွာ တည်ဆောက်ခဲ့ခြင်းကြောင့် နှစ်ပေါင်းထောင်ချီ တည်တံ့နေခြင်းဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်ရေးသည် သဘာဝပတ် ဝန်းကျင်အရ ကြည့်လျှင်ကောင်းသော်လည်း အမွေအနှစ်ဒေသအနေဖြင့် ကြည့်မည်ဆိုပါက အဆင်မပြေကြောင်း၊ အပင် စိုက်ခြင်းမှတဆင့် ပြောင်းလဲလာမည့် သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုများ၏ အမွေအနှစ် အဆောက်အအုံများအပေါ် သက်ရောက်နိုင်မှုကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အသင်းအနေဖြင့် အများဆုံး ၂ ပတ်ခန့်ထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး မရပ်တန့်ပါက ဒေသခံများ အပါအဝင် စီမံကိန်း ကို သဘောမတူသည့် အသင်းဖွဲ့များ၏ ပူးပေါင်းပါဝင်မှုဖြင့် အစီရင်ခံစာများနှင့်အတူ ပြည်ထောင်စုအဆင့်သို့ တိုင်ကြားစာ  ပေးပို့သွားမည့်အပြင် ပြည်သူလူထုပါဝင်သည့် အွန်လိုင်းကမ်ပိန်း တခုကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းရာတွင် နိုင်ငံတော်က ကတိကဝတ်ပြုထားသည့် အမွေအနှစ် ထိန်းသိမ်းရေး ဆိုင်ရာ စံနှုန်းများကို ဂရုပြုပြီး အတိအကျ လိုက်နာ ဆောင်ရွက်လည်း MAA ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထို့အတူ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းကလည်း အမွေအနှစ် ထိခိုက်နိုင်မှုအပေါ် လေ့လာဆန်းစစ်ချက် (HIA) ပြု လုပ်ခြင်းမရှိဘဲ ဆောင်ရွက်နေသည့် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ကန့်ကွက်စာ ပေးပို့သွားရန်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အောက်တိုဘာ ၁၀ ရက်နေ့တွင် တရား ဝင် ထုတ်ဖော်ပြောဆိုထားသည်။

ယခု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နေရာသည် Property Zone သတ်မှတ်ဧရိယာ အပိုင်း ၈ ခု အနက် Component-1 (ပုဂံမြို့ဟောင်းဧရိယာ) ထဲတွင်ဖြစ်ရာ Cultural Landscape ကို ထိန်းသိမ်းရေး သဘောတရားအ ရ မစိုက်သင့်သလို စက်ယန္တရားများဖြင့် တူးဆွခြင်းကလည်း ဥပဒေအရ ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း Bagan Heritage Trust အမှုဆောင် ကိုမြင့်နိုင်က ပြောသည်။

“Property Zone ထဲမှာ ၆ လက်မအထက်ကို လုံးဝ တူးဆွလို့ မရဘူး။ တူးမယ်ဆို ရှေးဟောင်းသုတေသန အရာရှိ တယောက် ကြီးကြပ်မှုနဲ့ တူးရမယ်။ နောက်ပြီး တုန်ခါပြီး ရှေးဟောင်းအဆောက်အအုံကို ဒုက္ခပေးမယ့် စက်ယန္တရား လုံးဝ မသုံးရဘူး။ တားမြစ်ထားတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က ယဉ်ကျေးမှု အမွေ အနှစ်တည်ရှိရာ (Property Zone) ထဲတွင် မလုပ်ရန် ကန့်ကွက်ထားပြီး ဇုန်နှင့်လွတ်ကင်းသည့် နေရာများ၌သာ စိုက်ပျိုး ရန် အကြံပြုထားကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ရှေး/သု ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “ဇုန်ထဲက ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိခိုက်လို့ဆိုပြီး မ စိုက်ဖို့ ပြောထားတယ်။ ကာကွယ်ထိန်းသိမ်းထားတဲ့ အဝါရောင်ဇုန်ထဲမှာရှိတဲ့ ကျေးရွာအဝင်လမ်းတွေမှာ စိုက်ဖို့၊ မြို့ရှောင် လမ်း ပတ်ချာလည်တွေ စိုက်ဖို့ဆိုပြီး ကျနော်တို့က လွတ်ကင်းတဲ့နေရာတွေ အကြံပြုထားတယ်။ သူတို့က ဒီဘက်ထဲလည်း စိုက်ဖို့လုပ်တယ်။ အဲဒီလိုတွေဖြစ်ပြီး ပြဿနာတွေ တက်ကြတာပေါ့လေ” ဟု ဧရာဝတီကို ပြောသည်။

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေး စီမံကိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် တင်ဒါခေါ်ပြီး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး သက်ဆိုင်ရာဌာနများပါဝင်သော ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ပေးထားကြောင်း၊ အပင်စစိုက်ရာတွင် တင်ဒါအောင် သည့် ကုမ္ပဏီကမသိ၍ စက်ကြီးများဖြင့် ဝင်တူးခြင်းဖြစ်ရာ ယခုတားလိုက်၍ လက်ဖြင့်သာတူးပြီး ကန္တာရပင်များ ရှင်းရန် စက်အသေးလေးများသာ သုံးတော့ကြောင်း၊ မစိုက်သင့်/မစိုက်ရမည့် နေရာများအား ရှေး/သုကို ကြက်ခြေခတ် ပေးခိုင်းထားကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက အုတ်ရိုးရှိသည့်၊ ဘုရားနှင့်နီးသည့် နေရာများတွင် မစိုက်တော့၍ မြင်ကွင်းကွယ်စရာ မရှိကြောင်း၊ စိုက်ပျိုးမည့် အပင်များသည်လည်း ရှေး/သု၏ ပေ ၃၀ ထက် မကျော်ရ ကန့်သတ်ချက်ကို ကျော်လွန်မည် မဟုတ်ကြောင်း၊  ဒေသမျိုးရင်းပင်များဖြစ်သော တရုတ်စကား၊ စိန်ပန်းနှင့် ငုရွှေဝါပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

ဦးကျော်ကျော်အုန်းက “ဘာမှစိတ်မပူပါနဲ့လို့။ ကျနော်တို့ ရှေးသုနဲ့ ညှိနှိုင်းပြီးတော့ မစိုက်ရဆိုတဲ့နေရာကို မစိုက်ခိုင်းဘူး။ နေရာရွှေ့ စိုက်ခိုင်းပါမယ်လို့ ကန့်ကွက်တဲ့သူတွေကိုလည်း ပြောပေးပါ။ ကျနော်တို့ကတော့ အရိပ်ရဖို့ရယ်၊ ဘုရားဖူး ဧည့်သည်တွေ မျက်စိပသာဒရှိဖို့ရယ်၊ ရှေးသုရဲ့ သတ်မှတ်ချက်တွေနဲ့အညီပဲ စိုက်မှာပါ။ လမ်းဘေးဝဲယာတွေမှာ၊ ဘုရားနဲ့ လွတ်တဲ့ နေရာတွေမှာ ပေ ၃၀ ခွာပြီး စိုက်မှာ။ အပြွတ်လိုက်စိုက်မှာမဟုတ်ဘူး။ စိတ်မပူပါနဲ့လို့” ဟု ဆိုသည်။

ယခုစီမံကိန်းကို ပုဂံဇုန်ဝင်ကြေးထဲမှ ရရှိထားသော ငွေများထဲမှ တိုင်းအစိုးရက ပြန်လည်ချပေးထားသည့် ပုဂံညောင်ဦး  ဒေသ စိမ်းလန်း စိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ရန်ပုံငွေ သန်း ၂၅၂၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်ပင် စိုက်ပျိုး ရေး အပါအဝင် လုပ်ငန်းပေါင်း ၈ ခုအတွက် သတင်းစာထဲမှ တင်ဒါခေါ်ခဲ့ကြောင်း၊ သစ်ပင်ပန်းမန် စိုက်ပျိုးရန် အတွက် အောင်မြင်သာထက် ကုမ္ဗဏီက တင်ဒါအောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

You may also like these stories:

ကမ္ဘာ့အမွေ ပုဂံဒေသအတွင်း ဥပဒေမဲ့ အဆောက်အအုံ တိုးချဲ့မှုများ ပြုလုပ်နေ

ပုဂံရှေးဟောင်း တာမဏီဘုရားစု အနီး ခြံခတ်မှု ပြန်လည် ဖျက်သိမ်း

ပုဂံ လောကထိပ်ပန်ဘုရား အဝင်တံခါး မီးရှို့ခံရ

Your Thoughts …
Tags: Property Zoneစိမ်းလန်းစိုပြည်ရေးစီမံကိန်းပုဂံဒေသ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

UNESCOက ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၉ ခုနှစ်တွင် အသိအမှတ်ပြုခဲ့သည့် ပုဂံဒေသ / ဧရာဝတီ

ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ

by ဧရာဝတီ
20 April 2022
10.9k

ပျောက်ဆုံးနေသည့် ရှားပါးရှေးဟောင်းပစ္စည်းများမှာ ပုဂံဘုရား အမှတ် ၄၁၈ နှင့် ၆၁၇ တို့မှ ၁၁ ရာစု ပုဂံခေတ်လက်ရာ ရှားပါး ကျောက်ဆစ်လက်ရာများ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

၂၀၂၀ ဇူလိုင်လအတွင်း တွေ့ရသည့် ပုဂံရှိ မြင်းလှည်းများ/ဇော်ဇော်/ဧရာဝတီ

စီးပွားရေး အကျပ်အတည်းကြောင့် ပုဂံကို စနစ်တကျ ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

by ဇူးဇူး
23 January 2021
6.9k

ခရီးသွားလုပ်ငန်းကို အမှီပြုကာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ဒေသခံများက ပုဂံဒေသရှိ ဘုရားစေတီပုထိုးများ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုလိုက်သည်။

ပုဂံ ယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ / ဧရာဝတီ

ပုဂံဒေသခံများ ပြောင်းရွှေ့ရေးအတွက် တိကျသောအဖြေမရှိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

by မြတ်ပြည့်ဖြိုး
13 July 2019
5.2k

ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်အတွက် Master Plan ရေးဆွဲနေရာ ပြီးစီးပါက ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး Master Plan အတိုင်း ဆောင်ရွက်သွားမည်

၂၀၂၀ ခုနှစ် ဇူလိုင်လက ပုဂံဒေသတွင် ဒုစရိုက်ကျဆင်းရေးအတွက် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ပုဂံမှ ရှားပါးကျောက်ဆစ်လက်ရာ ခိုးယူသူများကို ဖမ်းဆီးစစ်ဆေးနေ

by ဧရာဝတီ
29 April 2022
12.6k

ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု ၄ ခု၊ ဘုရားအမှတ် ၇၁၆ မှ ခြင်္သေ့ရုပ်တု ၄ ခု အပြင် ဦးခေါင်းနှင့် အပိုင်းအစအချို့ ပဲ့လျက်ရှိသော ဗုံတီးဟန်ရုပ်တု ၂ ခု၊...

နေဝင်ဆည်းဆာတွင် မြင်ရသည့် ပုဂံအလှ  / ဇော်ဇော် /  ဧရာဝတီ

ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့်

by ဇူးဇူး
21 October 2020
9.7k

ပုဂံကို မြန်မာနိုင်ငံရှိ တခြားနေရာများနှင့် ထပ်တူ စဉ်းစားပြီး စီမံခန့်ခွဲ ဆုံးဖြတ်၍ မရကြောင်း၊ ကမ္ဘာ့ အဆင့် ထိုက်တန်သော၊ တန်ဖိုးရှိသော အမွေအနှစ်များ တည်ရှိသည့် နေရာတိုင်း အမွေအနှစ်များ မပျက်စီး၊ မပျောက်ဆုံးစေရေး ကာကွယ်ထိန်းသိမ်းရမည့် စည်းမျဉ်းများ၊...

Next Post
သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း / Tun Tun Examplez's Facebook

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ထွန်းထွန်း

ယခုနှစ် ဇန်နဝါရီလပိုင်းက ကချင်ပြည်နယ် ခရီးစဉ်တွင် တွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / Myanmar State Counsellor Office

ဖက်ဒရယ် အောင်မြင်ရေး ဆက်ကြိုးပမ်းမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ကတိပြု

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved