• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂံမှ ရှားပါးကျောက်ဆစ်လက်ရာ ခိုးယူသူများကို ဖမ်းဆီးစစ်ဆေးနေ

by ဧရာဝတီ
29 April 2022
in သတင်း
A A
၂၀၂၀ ခုနှစ် ဇူလိုင်လက ပုဂံဒေသတွင် ဒုစရိုက်ကျဆင်းရေးအတွက် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

၂၀၂၀ ခုနှစ် ဇူလိုင်လက ပုဂံဒေသတွင် ဒုစရိုက်ကျဆင်းရေးအတွက် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

12.6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ခိုးယူခံလိုက်ရသည့် ရှားပါးကျောက်ဆစ် လက်ရာများ ပြန်လည်တွေ့ရှိပြီး တရားခံများကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်။

ပုဂံဘုရား အမှတ် ၄၁၈ နှင့် ၇၁၆ တွင်ရှိသော ၁၁ ရာစု ပုဂံခေတ်လက်ရာ ရှားပါးကျောက်ဆစ်လက်ရာများ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က ခိုးယူခံရခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကျောက်ဆစ်လက်ရာများအား ခိုးယူသွားသူ ၆ ဦးကို ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်အတွက် စစ်ဆေးနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

ယင်းဌာနမှ တာဝန်ရှိသူတဦးက “ပုဂံညောင်ဦး နယ်တဝိုက်မှာပဲ ဖမ်းမိတာ။ အရေးယူမှု အပိုင်းကတော့ ဥပဒေအတိုင်း ပဲ သွားမှာပေါ့။ လောလောဆယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းပဲ ရှိသေးတယ်။ ပစ္စည်းတွေက ပြန်မထားရသေးပါ ဘူး။ ရှာဖွေပုံစံနဲ့ သိမ်းဆည်းထားတုန်းပါပဲ။ ရှေးဟောင်းသုတေသနဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” ဟု ပြော သည်။

ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု ၄ ခု၊ ဘုရားအမှတ် ၇၁၆ မှ ခြင်္သေ့ရုပ်တု ၄ ခု အပြင် ဦးခေါင်းနှင့် အပိုင်းအစအချို့ ပဲ့လျက်ရှိသော ဗုံတီးဟန်ရုပ်တု ၂ ခု၊ ပလ္လင်ထမ်းဟန် ရုပ်တု ၁ ခု၊ ကချေသည်ရုပ်တု ၁ ခု၊ အုတ်ခွက် စာပါအုတ် ၁၉ ချပ် နှင့် ၂ ပေပတ်လည် ကျောက်ပြားတွင် သမင်ရုပ်ပုံပါ ၁ ချပ် စသည်တို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ခိုးယူသူများထံမှ ပြန်လည်ရရှိသည့် ကျောက်ဆစ်လက်ရာများ (ဓာတ်ပုံ-ရှေး/သု)

သို့သော် ဖမ်းဆီးရမိသည့် တရားခံများကို ပုံနှင့်တကွ ထုတ်ဖော်ပြသပြီး ယခုကဲ့သို့ ရှေးဟောင်းပစ္စည်းများ ခိုးယူခံရမှု သတင်းနောက်ဆက်တွဲ အခြေအနေများကို ပွင့်လင်းမြင်သာစွာချပြန်ရန် ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

ယခုကဲ့သို့ ပျောက်ဆုံးမှုသည် ကမ္ဘာ့အမွေအနှစ် တန်ဖိုးရှိပစ္စည်းများကို လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ပြီး ပိုမိုထိန်း သိမ်း စောင့်ရှောက်သင့်လာသည်ကို ပြသနေသည်ဟုလည်း ပညာရှင်များက ထောက်ပြသုံးသပ်ကြသည်။

ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက “ကျမတို့ တကယ်ပေးချင်တာက အမွေအနှစ်ကို နှောင်း လူတွေကို လက်ဆင့်ကမ်းရမှာပေါ့။ အဲဒါကြောင့် လုံခြုံရေးပိုင်းက အရမ်းကို သေသေချာချာလုပ်ဖို့ လိုအပ်နေတယ်” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49
ခိုးယူသူများထံမှ ပြန်လည်ရရှိသည့် ကျောက်ဆစ်လက်ရာများ (ဓာတ်ပုံ-ရှေး/သု)

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစုဝေးရာ ပုဂံတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် စေတီပုထိုးများ ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံမှ စစ်တပ်က အာဏာလုယူပြီးနောက် နိုင်ငံအဝှမ်းတွင် မငြိမ်သက်မှု များ ဖြစ်ပွားနေခြင်းနှင့်အတူ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ ပုဂံအတွင်း အဖြစ်အပျက်များကို ယခင်ကကဲ့သို့ အလေးထား စောင့်ကြည့်နိုင်မှုလည်း အားလျော့လာခဲ့ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် အဖြစ် အသိအမှတ်ပြုထားသည်။

You may also like these stories:

ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ

ပုဂံကို လျစ်လျူရှု မထားဖို့ လိုသည်

မိုးများ၍ ပုဂံဘုရား ၁၄ ဆူ ထိခိုက်ပျက်စီး

Your Thoughts …
Tags: ကမ္ဘာ့အမွေအနှစ်ကျောက်ဆစ်လက်ရာပုဂံဒေသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မတ်လ ၂၉ ရက်နေ့က မန္တလေးမြို့ရှိ ကျောက်တော်ကြီးဘုရားတွင် ကျင်းပပြုလုပ်ခဲ့သည့် သနပ်ခါးပွဲတော် / ဇော်ဇော် / ဧရာဝတီ

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်

by ဇူးဇူး
30 January 2020
6.3k

ဈေးကွက်ကို ရယ်ဒီမိတ်သနပ်ခါးတွေက ကြော်ငြာကောင်းကောင်း ထုတ်ပိုးမှုပုံစံ ကောင်းကောင်းတွေနဲ့ စားသုံးသူကို ထင်ယောင်ထင်မှားဖြစ်စေအောင် လုပ်နေတာတွေက မြန်မာ့သနပ်ခါး အမှန်တကယ် စိုက်ပျိုးထုတ်လုပ် သူတွေ အတွက် တော်တော်ကို နစ်နာပါတယ်

ပုဂံ ယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ / ဧရာဝတီ

ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ

by ဧရာဝတီ
6 July 2019
26.7k

ဤသည်မှာ ပျူမြို့ဟောင်း ၃မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် မြို့များအား ၂၀၁၄ ခုနှစ်က ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပြီးနောက် ပုဂံအား ကမ္ဘာ့အမွေအနှစ် စာရင်း ထပ်မံ ထည့်သွင်းခံရခြင်းဖြစ်သည်။

UNESCOက ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၉ ခုနှစ်တွင် အသိအမှတ်ပြုခဲ့သည့် ပုဂံဒေသ / ဧရာဝတီ

ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ

by ဧရာဝတီ
20 April 2022
10.9k

ပျောက်ဆုံးနေသည့် ရှားပါးရှေးဟောင်းပစ္စည်းများမှာ ပုဂံဘုရား အမှတ် ၄၁၈ နှင့် ၆၁၇ တို့မှ ၁၁ ရာစု ပုဂံခေတ်လက်ရာ ရှားပါး ကျောက်ဆစ်လက်ရာများ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

၂၀၂၀ ဇူလိုင်လအတွင်း တွေ့ရသည့် ပုဂံရှိ မြင်းလှည်းများ/ဇော်ဇော်/ဧရာဝတီ

စီးပွားရေး အကျပ်အတည်းကြောင့် ပုဂံကို စနစ်တကျ ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

by ဇူးဇူး
23 January 2021
6.9k

ခရီးသွားလုပ်ငန်းကို အမှီပြုကာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ဒေသခံများက ပုဂံဒေသရှိ ဘုရားစေတီပုထိုးများ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုလိုက်သည်။

ဆောက်လက်စ Hilton Bagan ဟိုတယ်ဝင်းအနီး ရှေးဟောင်းအမွေအနှစ်လက်ရာ စေတီကို တွေ့ရစဉ် / ဧရာဝတီ

ကမ္ဘာ့အမွေအနှစ် ဖြစ်သော်လည်း ပုဂံ အနာဂတ် မရေရာသေး

by ကျော်ဖြိုးသာ
9 August 2019
9.4k

လက်ရှိ တည်ဆောက်နေသော စီမံကိန်းများအပါအဝင် ဟိုတယ်များသည် ပုဂံကို ထိခိုက်စေသည်။

ပုဂံဒေသရှိ ဘုရားပုထိုးများ / ဇော်ဇော် / ဧရာဝတီ

ကမ္ဘာ့အမွေအနှစ် ပုဂံသို့ မျှော်ကြည့်ခြင်း

by ဇူးဇူး
22 August 2019
7k

ထိုအစီစဉ်ကို လိုက်နာမည်လားဟု ဟီလ်တန်ပုဂံ၏ ပြည်တွင်း မိတ်ဖက် ဧဒင်အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို ဧရာဝတီက မေးမြန်းရာ ၎င်း၏ စီမံကိန်းသည် ငွေအများအပြား ရင်းနှီးထားရ သော ကြောင့် ဟိုတယ်ကို ဆက်လက် လုပ်ကိုင်ချင် သော်လည်း...

Next Post
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌဦးချစ်ခိုင်  / ဧရာဝတီ

NLD နဲ့ ဆက်နွယ်ပြီး ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ ထိပ်သီးလုပ်ငန်းရှင် ဦးချစ်ခိုင်

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ရှေ့နေဒေါ်ရွက်နုအောင်  / ဧရာဝတီ

PDF ထောက်ပံ့သည်ဆိုကာ ရှေ့နေဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved