• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးများ၍ ပုဂံဘုရား ၁၄ ဆူ ထိခိုက်ပျက်စီး

by ဧရာဝတီ
19 October 2021
in သတင်း
A A
ပြသာဒ်ကြီးဘုရား အနောက်ဘက်မုဒ်တံကဲ ပြုတ်ကျ

ပြသာဒ်ကြီးဘုရား အနောက်ဘက်မုဒ်တံကဲ ပြုတ်ကျ

4.5k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဘုရား ၁၄ ဆူ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “မနေ့က ဖြစ်တာတော့ စုစုပေါင်း ဘုရား ၁၄ ဆူပါ။ မိုးများလို့ ဖြစ်တာပါ။ ဒီမှာက ဆက်တိုက် ၂ ရက်လောက်က မိုးရွာတော့ မိုးများ လို့ ဖြစ်သွားတာတွေပေါ့။ ဘုရားအဆူက များပေမယ့် ပျက်စီးမှုက အရမ်းမများပါဘူး” ဟု ဧရာဝတီကို ပြောသည်။

စေတနာကြီးဘုရား၊ ပြသာဒ်ကြီးဘုရား၊ စိုမင်းကြီးဘုရား အပါအဝင် နံပါတ်စဉ်တပ်ထားသည့် ဘုရားများ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

“အဓိကက တံတိုင်းပြုတ်ကျတာတို့၊ မုဒ်ကတ်လေးတွေ ပြုတ်ကျတာတို့ အဲဒီလိုတွေပါ။ အရမ်း ဆိုးဆိုးရွာရွားတွေတော့ မဟုတ်ပါဘူး။ လောလောဆယ်တော့ ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့ Side Cleaning နဲ့ စာရင်းကောက်ဖို့ ပြင်ဆင်နေကြပါပြီ” ဟု ဒေါက်တာသန်းထိုက်က ပြောသည်။

ပြသာဒ်ကြီးဘုရား အနောက်ဘက်မုဒ်တံကဲ ပြုတ်ကျ

ပြသာဒ်ကြီးဘုရား အနောက်ဘက်မုဒ်တံကဲ ပြုတ်ကျ၊ စိုးမင်းကြီးဘုရား အရှေ့ဘက်မျက်နှာ အုတ်ရိုးတန်းနှစ်နေရာ ပြုတ် ကျ၊ စေတနာကြီးဘုရား အနောက်ဘက်တံတိုင်း တနေရာပြိုကျ၊ ပုထိုးသားများ အရှေ့ဘက်မျက်နှာ အုတ်တချို့ ပြုတ်ကျမှု များ ဖြစ်ပွားခဲ့ကြောင်း၊ ပုဂံတွင် ယခင်နှစ်များထက် မိုးများသည့်နှစ်ဟု ပြောနိုင်ပြီး သီတင်းကျွတ်ကာလ ရောက်သည့်တိုင် မိုးကောင်းနေဆဲဖြစ်ကြောင်း ဒေသခံတဦးက ပြောပြသည်။

ဒေါက်တာသန်းထိုက်ကလည်း “ရာသီဥတုကတော့ အရင်နှစ်ထက်စာရင် အရမ်းရွာတာပေါ့။ ၁၀ လပိုင်း သီတင်းကျွတ် တာတောင် မိုးကမပြတ်ဘူး၊ ရန်ကုန်မိုးလို ရွာတုန်း။ ရှေးဟောင်းဘုရားတွေ ဆိုတော့လည်း ကြံ့ခိုင်မှု အားနည်းတာလည်း ပါတာပေါ့။ ပြိုတာတော့ မဟုတ်ဘူး။ ပဲ့တာတို့ ဘာတို့နဲ့ အားလုံး စုစုပေါင်း ၅၀ ကျော် ဖြစ်သွားပြီပေါ့။ ပြန်ပြီးထိန်းပြီးတာ လည်း ၇/၈ ဆူလောက် ဖြစ်ပြီ။ တောက်လျှောက် မိုးရွာတော့လည်း မိုးပြတ်တဲ့အချိန်ကျမှ ထိန်းသိမ်းရေးလုပ်ငန်းက လုပ် နိုင်တာဆိုတော့လေ မိုးပြတ်ပြီဆိုရင် တောက်လျှောက်ပြင်မှာပါ” ဟု ဆိုသည်။

ပြသာဒ်ကြီးဘုရား အနောက်ဘက်မုဒ်တံကဲ ပြုတ်ကျ

ပြီးခဲ့သည့် သြဂုတ် လကုန်ပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားအမှတ် (၁၀၈) သံပျင်စွာ ဘုရား၏ တောင်ဘက် တိုက်မနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းကလည်း ဓမ္မရာဇက ဘုရားကြီး၏ မြောက်ဘက်ခြမ်းရှိ အပြင်မဟာရံတံတိုင်း ပြိုကျပျက်စီးခဲ့သည်။

ထို့ပြင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် လမ်းမပေါ်နှင့် ဘုရား ပုထိုးစေတီများအနီး မိုးရေများ ရေအိုင်ကြီးသဖွယ် တင်ကျန်ရစ်မှုများ၊ ရပ်ကွက်တချို့ ရေကြီးရေလျှံမှုများလည်း စက်တင်ဘာလအတွင်းက ဖြစ် ပွားခဲ့သည်။

မိုးရေဒဏ်ကြောင့် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်းပုဂံဘုရားများအတွက် စိန်ခေါ်မှု ဖြစ်နေသလို လက်ရှိ အတိုင်းသာ ဆက်သွားနေမည် ဆိုပါက ပုဂံဘုရားများအတွက် စိုးရိမ်စရာဖြစ်ကြောင်း ရှေးဟောင်းအမွေ အနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက ထောက်ပြကြသည်။

You may also like these stories:

မိုးရွာသွန်းမှုကြောင့် ပုဂံက သံပျင်စွာဘုရားနံရံ ပြိုကျမှုဖြစ်

ပုဂံကို လျစ်လျူရှု မထားဖို့ လိုသည်

Your Thoughts …
Tags: ထိခိုက်ပျက်စီးပုဂံပြသာဒ်ကြီးမိုးရွာသွန်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.2k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

by ဧရာဝတီ
27 November 2023
3.6k

လတ်တလော၌ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ စစ်ရေးအရှိန် မြင့်လာခြင်းတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ပြောသည်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

by ခွာညို
1 April 2024
2.3k

ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ...

စစ်ကိုင်းမြို့

စစ်ကိုင်းမြို့

by ဧရာဝတီ
20 April 2025
1.7k

မူလ အမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းလို့ ပြောင်းလဲ ခေါ်တွင် ခဲ့တယ် လို့လည်း…

ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်း

by ဧရာဝတီ
6 April 2025
1.2k

မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံးလို့ ယူဆရတဲ့ ငလျင်မှာ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက် မနက် ၃ နာရီခန့်မှာ လှုပ်တဲ့ မေမြို့ ငလျင် ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
ယမန်နေ့က ပြန်လွတ်လာသည့် NLD အမတ် ဦးရဲခေါင်ညွန့်

ရခိုင်မှ NLD အမတ် ဦးရဲခေါင်ညွန့် အပါအဝင် ၄ ဦး ပြန်လွတ်

မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း  / ဧရာဝတီ

မန္တလေးကျောက်ဝိုင်းအနီး ပေါက်ကွဲမှုဖြစ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved