• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အနုပညာမှာ စည်းတွေဘောင်တွေ မရှိသင့်ဘူး”လို့ ပွင့်သိင်္ဂီဇော် ဆို

by ချစ်ပိုး
21 January 2021
in Entertainment
A A
ဒါရိုက်တာ ပွင့်သိင်္ဂီဇော်  / Pwint Theingi Zaw's Facebook

ဒါရိုက်တာ ပွင့်သိင်္ဂီဇော် / Pwint Theingi Zaw's Facebook

2.8k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ရုပ်ရှင် ဆင်ဆာစနစ်အား ရုပ်ရှင်အဆင့် သတ်မှတ်ရေးစနစ် (Rating System) ပြောင်းလဲပေးဖို့ ရုပ်ရှင်လောကသားတွေ တောင်းဆိုနေကြတဲ့အပေါ် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“Rating system အစကတည်းက ရှိသင့်တယ်လို့ ပွင့်ကတော့ မြင်တယ်။ ဘာလို့လဲဆို ပွင့် အရင်ဗီဒီယိုတွေ ရိုက်ကတည်းက ဆင်ဆာဖြတ်ခံရတာတွေ ရှိတယ်။ အဲ့ဒါကလည်း ဘာမှ မဟုတ်ဘဲနဲ့ ဘယ်လိုဖြတ်တာလဲဆိုတော့ မင်းသား၊ မင်းသမီးနဲ့ Presentation လုပ်တယ်။ ဒီလို Edit မလုပ်သင့်ဘူးတဲ့။ ဒါပွင့်ပြချင်တဲ့ Presentation ဘာဖြစ်လို့လဲဆိုပြီး မပြင်ပေးလိုက်ဘူး။ အဲ့လိုတွေပေါ့”

“အနုပညာဆိုတာ စည်းတွေ ဘောင်တွေ မရှိသင့်ဘူး ထင်တယ်။ အနုပညာက တွေးလေးတွေးလေ နက်နဲတယ်။ အနုပညာပေါ်မြင်တဲ့ အမြင်က မျိုးစုံရှိတယ်။ ပွင့်က တမျိုးခံစားပြီး ရိုက်တာ။ ကြည့်တဲ့ သူက တမျိုးအမြင်နဲ့ ကြည့်မှာပဲ။ အနုပညာဆိုတာ အရမ်းလွတ်လပ်တယ်။ ကိုယ်ကြိုက်သလို ကိုယ်တွေးခေါ်လို့ ရတာတွေ အများကြီးပဲ”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။

အနုပညာဆိုတာ သူ့အယူအဆနဲ့သူ လုပ်နေကြတာဖြစ်တဲ့အတွက် မကောင်းလို့ ပရိသတ်က ဝေဖန်တဲ့အခါ ကိုယ့်တာဝန် ကိုယ်ယူရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (ဓာတ်ပုံ – Pwint Theingi Zaw’s Facebook)

“အနုပညာဆိုတာ သူ့အယူအဆနဲ့သူ လုပ်နေကြတာ။ ရုပ်ရှင်မှ မဟုတ်ဘူး။ စာပေ၊ သီချင်း၊ ပန်းချီအကုန်လုံး ကိုယ့်ခံစားချက်နဲ့ ကိုယ်သွားကြရမှာပဲ။ ကိုယ်က လုပ်လိုက်တယ်။ လုပ်လိုက်လို့ မကောင်းဘူး။ ပရိသတ်က ပြောတယ်။ ဝေဖန်ခံရရင် ကိုယ့်ဘာသာကိုယ် တာဝန်ယူလိုက်”

“လူကြီးတွေလည်း ပြောရတာ အားနာပါတယ်။ သူတို့လည်း ဆင်ဆာဖြတ်ရတာ သူတို့လည်း ဖြတ်လိုက်ရတာ အလုပ်ရှုပ်တယ်။ ကိုယ့်ဘာသာ တာဝန်ယူခိုင်းလိုက်။ အဲ့ဒါဆို အဆင်ပြေပြီ။ အဲ့ဒါကြောင့် Rating system သွားသင့်တယ် ထင်တယ်”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။

ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကတော့ ဆင်ဆာဖြတ်ခံရတာ နည်းတဲ့ ဒါရိုက်တာထဲမှာ ပါတယ်လို့ ဆိုပါတယ်။

“ပွင့်ကတော့ ဆင်ဆာဖြတ်ခံရတာ နည်းတဲ့ ဒါရိုက်တာထဲမှာ ပါတယ်။ ဟာသကားတွေ ရိုက်ရင်တောင် အောက်လုံးတွေ မထည့်ဘူး။ ပွင့် ဆင်ဆာဖြတ်ခံရတာ နည်းတယ်။ တခါတလေတော့ ပြချင်တဲ့ Presentation တွေရှိတယ်။ မိန်းကလေးတွေ အရက်သောက်တာ မကောင်းလို့ ဖြတ်ခိုင်းတာတွေ ရှိတယ်။ ပွင့်ပြောချင်တာက အရက်သောက်ဖို့ အကြောင်းပြချက်ရှိလို့ ဒီလူက သောက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်လည်း ပါတယ်။ အဲ့ဒါမျိုးဆို ခွင့်ပြုပေးလိုက်”

“အဲ့လိုမှ မဟုတ်လည်း အသည်းကွဲနေတာကို ရိုးရိုးကြီး တခြားနည်းနဲ့ ပြလို့ရတယ်။ ဒါပေမဲ့ ဒီလူတယောက်ရဲ့ အသည်းကွဲတာကို အရက်သောက်ပြီး ပြချင်တာလည်း ရှိတယ်။ အဲ့လို ပြလိုက်မှ ပြည့်စုံသွားတာလည်း ရှိတယ်။ အဲ့ဒါ သူတို့ ပြခိုင်းလိုက်ရင် အဆင်ပြေပြီ။ အရက်ခွက်ကို မတဲ့အထိ ရတယ်။ မျိုချလို့ မရဘူး။ အဲ့လိုမျိုးဆိုတော့ ပွင့် မင်းသမီးက တမျိုးကြီးပေါ့။ အဲ့ဒါအမြဲ ဆင်ဆာဖြတ်ခံရတယ်” ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။

နိုင်ငံတကာမှာလည်း သူ့ Rating နဲ့သူ သွားနေတာကြောင့် Rating System ကို စမ်းလုပ်ကြည့်စေချင်တယ်လို့ ဆိုပါတယ်။

ဖွေးဖွေးနဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (ဓာတ်ပုံ – Pwint Theingi Zaw’s Facebook)

“နောက်ဆုံးဆိုလည်း မဖွေးက ပိုင်တံခွန်နဲ့ ရိုက်တာ။ မဖွေးက ကြက်တွေ တိုက်တယ်။ အဲ့မှာလည်း အလွန်အကျွံ မပြပါနဲ့ဆိုတော့ အဲ့ဒါ ခေါင်းထဲ ရောက်သွားပြီ။ ပြလို့ မသင့်လည်း ပိတ်ချလိုက်။ အခုက ဘာမှ မဟုတ်တာလည်း လျှောက်ဖြတ်တယ်။ နိုင်ငံတကာမှာလည်း သူ့ Rating နဲ့သူ သွားနေတာ။ လုပ်ကြည့်လိုက်၊ မဖြစ်ဘူး ဆိုတာ မရှိပါဘူး။ အရင်အစိုးရ ပြောင်းတုန်းကတောင် စနစ်သစ်တွေ ပြောင်းလာသေးတာပဲ။ စမ်းကြည့်လိုက်၊ လုပ်ကြည့်လိုက်ပေါ့။ ပွင့်တို့ တွေးတာတွေ ဘောင်ထဲ ဝင်နေတယ်။ အနုပညာတွေ တွေးပြီး လုပ်ခိုင်းလိုက်စေချင်တယ်”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
152
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ဟာ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရဲ့ သမီး ဖြစ်ပါတယ်။ အမျိုးသမီး ဒါရိုက်တာ တဦးဖြစ်တဲ့ ပွင့်သိင်္ဂီဇော်က “အခမ်းနားဆုံး မေတ္တာ” ၊ “မြက်နု” စတဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးထားပြီး ရိုမန့်စ်ဖြစ်တဲ့ Music Video များလည်း ရိုက်ကူးနေသူ ဖြစ်ပါတယ်။

You may also like these stories:

BL series ကို အနုပညာတခုလို့ပဲ မြင်တဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်

“ရုပ်ရှင်ဆင်ဆာစနစ်ဟာ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်ပါ”

Rating System ပြောင်းလဲဖို့ တောင်းဆိုကြတဲ့အပေါ် စည်သူမောင်ရဲ့ အမြင်

Your Thoughts …
Tags: Raiting Systemဆင်ဆာဒါရိုက်တာ ပွင့်သိင်္ဂီဇော်မြန်မာ့ရုပ်ရှင်အနုပညာ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မာမာအေး/ / BBC

ဖက်ခွက်စား ရှင်းတမ်း

by ကိုရွှေအောင်
13 September 2022
29.9k

သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။

သူပုန်ဖြူကို လေ့လာခြင်း

သူပုန်ဖြူကို လေ့လာခြင်း

by အမောင်
30 May 2025
7.3k

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

by Hannah Beech
20 July 2024
6.7k

"မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ စစ်ကို အရင်တိုက်ရမယ်"

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

by ဇေယျ (အညာ)
4 June 2024
4.5k

ဤသို့ ကွာခြားသည့် အခြေအနေအောက်တွင် NUG အား ဝေဖန်သည့် ဆန်းကျော်စွာဝင်း၏ ကဗျာရှည်မှာ ကြိုဆိုရမည့် ကဗျာရှည်တပုဒ်ဖြစ်၏။

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

by ဖိုးစိုင်း
10 February 2025
3.3k

“ကျနော်က လူထုနဲ့ ကင်းကွာမှာ မဟုတ်ဘူး၊ သေလည်း ကင်းကွာမှာ မဟုတ်ဘူး”

Next Post
အမေရိကန် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ လေဒီဂါဂါ  / AP

အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖျော်ဖြေခဲ့ကြသူများ

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယနေ့တွင် ပို့ဆောင်နေစဉ်   / Government of India

ကိုဗစ်ကာကွယ်ဆေး လာမည့်အပတ်အတွင်း မြန်မာသို့ ရောက်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved