• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Rating System ပြောင်းလဲဖို့ တောင်းဆိုကြတဲ့အပေါ် စည်သူမောင်ရဲ့ အမြင်

by ချစ်ပိုး
31 December 2020
in Entertainment
A A
သရုပ်ဆောင် စည်သူမောင် / Si Thu Maung's Facebook

သရုပ်ဆောင် စည်သူမောင် / Si Thu Maung's Facebook

2.7k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ရုပ်ရှင် ဆင်ဆာစနစ်အား ရုပ်ရှင်အဆင့် သတ်မှတ်ရေးစနစ် (Rating System) ပြောင်းလဲပေးဖို့ ရုပ်ရှင်လောကသားတွေ တောင်းဆိုနေကြတဲ့အပေါ် သရုပ်ဆောင် စည်သူမောင်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ Rating System လုပ်စေချင်တယ်။ ကိုယ့်အနုပညာသမားတွေကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားတာမျိုးကို ပိုသဘောကျတယ်။ ဆင်ဆာဆိုတာက ကျနော်တို့ တချို့ အနုပညာ အလုပ်တွေ လုပ်ရင် ဆင်ဆာဆိုတာကို ထည့်တွေးရတယ်”

“ကားတကားရိုက်ရင် ဒါရိုက်တာရယ်၊ ဇာတ်ညွှန်းရေး ဆရာရယ်၊ မင်းသားရယ် မရိုက်ခင် ဆုံရတယ်။ ဇာတ်လမ်းက ဘယ်လိုရှိတယ်။ ဘယ်လို ပုံစံနဲ့ သွားမယ် ပြောကြတယ်။ အဲ့ချိန်မှာ ဒါက ဆင်ဆာလွတ်ပါ့မလား ဆိုတာကို ပြောတယ်။ အဲ့ဒါက ခေါင်းထဲမှာ ရှိနေတယ်”လို့ စည်သူမောင်က ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အနုပညာတွေကို ကန့်သတ်ထားသလို ဖြစ်နေတယ်။ ကန့်သတ်သလို ဖြစ်တော့ ရိုက်ပြချင်တာတွေ မရိုက်ပြရလို့ အားနည်းသွားတာလည်း ရှိတယ်။ အနုပညာရှင်တွေဘက်ကလည်း စည်းလွတ်ဘောင်လွတ် မဟုတ်ဘဲ ကိုယ့်စည်းကိုယ့်ကမ်းလေးနဲ့ ရိုက်ကြရင်ကောင်းတာပေါ့”လို့ စည်သူမောင်က ပြောပါတယ်။

Rating System ပြောင်းတဲ့အခါမှာလည်း စည်းကမ်းလေးနဲ့ သွားစေချင်ပြီး ပရိသတ်နဲ့ အနုပညာသမား သူ့ဘက်ကိုယ့်ဘက် မျှအောင် ကြည့်ပေးရမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် စည်သူမောင် (ဓာတ်ပုံ – Si Thu Maung’s Facebook)

“ပရိသတ်တွေ ဝေဖန်တာ ကြားနေရတာက ဆင်ဆာ ဖြေလျှော့ပေးတော့ 18+ တွေ နည်းနည်း ပါတယ်။ အဲ့လိုမျိုးတွေလည်း ထောက်ပြကြတယ်။ ဆင်ဆာ လွတ်လပ်ခွင့်ပေးတာနဲ့ ဒီလို အခန်းတွေ ထည့်ရိုက်ကြတယ်။ လိုအပ်လို့လား။ မလိုအပ်ဘဲ ဘာလို့ ဒီလို ရိုက်တာလဲ ဝေဖန်ကြတယ်။ ကျနော်တို့ အနုပညာရှင်တွေဘက်ကလည်း အညှီအဟောက်ကင်းဖို့ လိုအပ်တယ်။ လိုအပ်လို့ ချစ်ခန်းကြိုက်ခန်း ရိုက်ရမယ်ဆို တမျိုးပေါ့နော်”

“မလိုအပ်ဘဲ ပြသင့်တာထက် ပိုပြမယ်ဆိုရင် မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်တော့ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်နေတော့ သူ့ဘက်ကိုယ့်ဘက် မျှကြည့်ရမယ်။ ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ ကိုယ့်အနုပညာသမားတွေဘက်ကလည်း စည်းလေးကမ်းလေးနဲ့ လွတ်လွတ်လပ်လပ် စည်းကမ်းရှိသော Rating System နဲ့ သွားစေချင်တယ်။ တဖက်ကကျတော့လည်း လိုအပ်သင့်လျော်သော ဖြေလျှော့မှုတွေ ပေးပြီး Rating System ကို ပြောင်းပေးစေချင်တယ်”လို့ စည်သူမောင်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

ပြောင်းလဲမှု အစပိုင်းမှာတော့ အဆင်မပြေတာတွေလည်း ရှိနိုင်ပြီး အရွေ့တခုဖြစ်အောင် အနုပညာသမားတွေ ကြိုးစားရမယ်လို့ ဆိုပါတယ်။

“စပြောင်းနေတော့ အဆင်ပြေတာလည်း ရှိတယ်၊ မပြေတာလည်း ရှိတယ်။ နောက်ပိုင်း အသားကျသွားမှာပဲ။ အရွေ့တခု ပြိုင်တူ အနုပညာသမားတွေ ကြိုးစားရမယ်။ Rating System ပြောင်းသွားရင် ပိုပြီးကောင်းမွန်သော၊ ပိုပြီးတိုးတက်သော အနုပညာ ဖန်တီးမှုတွေ ရရှိမှာပါ”လို့ စည်သူမောင်က ပြောပါတယ်။

သရုပ်ဆောင် စည်သူမောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပြီး အနုပညာသက်တမ်း ၁၇ နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ စည်သူမောင်က “Phyo” ဆိုတဲ့ နာမည်နဲ့ ဝက်သားပေါင်း ရောင်းချလျက်ရှိပါတယ်။

You may also like these stories:

Rating System တောင်းဆိုနေကြသူများအတွက် ဦးဝင်းဖေရဲ့ အကြံပေးစကား

Rating System အတွက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ဝင်များ လက်မှတ်ထိုး

Rating System ဖြစ်ဖို့ အလွှာပေါင်းစုံက လောကသားတွေရဲ့ ထောက်ခံမှု လိုအပ်

Your Thoughts …
Tags: Rating Systemစည်သူမောင်ဆင်ဆာမြန်မာ့ရုပ်ရှင်ရုပ်ရှင်ဥပဒေ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း

စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း

by Bertil Lintner
3 June 2024
1.6k

"ရုပ်ရှင်သည် ဗမာများ အတိတ်ကို ဆန်းသစ်သော အမြင်ဖြင့် ပြန်လည်ကြည်ရှုသည့် နည်းလမ်းကိုသာမက တော်လှန်သော အနာဂတ်ကိုပင် ရှုမြင်သုံးသပ်နိုင်စေသည်”

အီလွန်မတ်စ် ရဲ့ X အိန္ဒိယမှာ ဆိုရှယ်မီဒီယာ ဆင်ဆာ ယန္တရား ဖျက်သိမ်းရေး အမှု ရှုံးနိမ့်

အီလွန်မတ်စ် ရဲ့ X အိန္ဒိယမှာ ဆိုရှယ်မီဒီယာ ဆင်ဆာ ယန္တရား ဖျက်သိမ်းရေး အမှု ရှုံးနိမ့်

by ဧရာဝတီ
28 September 2025
475

X (Twitter အမည်ပြောင်း) အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုအပ်ပြီး နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမယ် လို့လည်း တရားရုံးက ဆိုပါတယ်…

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော 

by ချစ်ပိုး
9 August 2019
6.9k

"နေရာတကာတိုင်းတော့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ သွားထောက်လို့ မရဘူး။ သူတို့က ပုံပဲ မြင်ကြသေးတာ။ အခုဇာတ်လမ်းထဲမှာ သူတို့က မြန်မာလူမျိုး မဟုတ်ဘူး။

၂၀၁၇ ခုနှစ် ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲ/VOA

၂၀၁၉ ခုနှစ် အကယ်ဒမီဆုရှင်များ လဲလှယ်ခံရ

by ဧရာဝတီ
26 April 2023
12.4k

အကယ်ဒမီ ဆုပေးပွဲအတွက် ရွေးချယ်ထားသော ဆုရသူများ အမည်စာရင်း ထည့်သွင်းထားသည့် ချိတ်ပိတ်ထားသော စာအိတ်များအား ဖွင့်ဖေါက်၍ အလဲအလှယ်ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် ထွန်းထွန်းဝင်း / ဝေဝေနှင်း / ဧရာဝတီ

အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း

by ချစ်ပိုး
14 June 2020
37.6k

“ကျနော်တို့က အဖြူအမည်း ခေတ်ကတည်းက ရုပ်ရှင် ရိုက်ခဲ့ရတာဆိုတော့ ရုပ်ရှင်ပဲ ပေါ်ခဲ့တာ ကာလာတောင် မပေါ် သေးဘူး။

အကယ်ဒမီ အေးမြတ်သူ / Aye Myat Thu's Facebook

“အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကံကောင်းတယ်လို့ ခံစားရတယ်”

by ချစ်ပိုး
20 January 2021
4.5k

အကယ်ဒမီ သရုပ်ဆောင်ဆိုတာ ဘာနဲ့မှ လဲလို့ မရတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှု ဖြစ်နေတာ။ ပြောတိုင်း ကြည်နူးရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

Next Post
စမွတ်စခွန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ မရှိ စစ်ဆေးရန် တန်းစီစောင့်ဆိုင်းနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ / Arnun Chonmahatrakool / Bangkok Post

ထိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ချန်ထားမရနိုင်

နှစ်သစ်ဆုတောင်းပေးကြတဲ့ အနုပညာရှင်များ

၂၀၂၁ ခုနှစ်အတွက် အနုပညာရှင်များရဲ့ နှစ်သစ်ဆုတောင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved