• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Rating System တောင်းဆိုနေကြသူများအတွက် ဦးဝင်းဖေရဲ့ အကြံပေးစကား

by ယုဖြူဟန်
28 December 2020
in Entertainment
A A
Rating System ကို ထောက်ခံတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာကြီး ဦးဝင်းဖေ

Rating System ကို ထောက်ခံတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာကြီး ဦးဝင်းဖေ

3.1k
VIEWS
Share on FacebookShare on Twitter

ရုပ်ရှင်ဖန်တီးသူများမှ ဦးဆောင်၍ Rating System ပြောင်းလဲပေးဖို့ တောင်းဆိုမှုများအတွက် အနုပညာရှင် တယောက်အနေနဲ့ ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့ ဒါရိုက်တာ၊ ပန်းချီဆရာကြီး ဦးဝင်းဖေက အကြံပေးစကား ဆိုခဲ့ပါတယ်။

“ကျနော်က ရုပ်ရှင်လည်း မရိုက်တော့ပါဘူး။ ရုပ်ရှင်နယ်ပယ်ထဲမှာလည်း မရှိတော့ပါဘူး။ အသက်ကြီးသွားလို့ မကျန်းမာတော့ဘူး။ သို့သော် ရုပ်ရှင်နယ်ကို တသက်လုံး သံယောဇဉ် မပြတ်နိုင်တဲ့သူ ဖြစ်နေတော့ Rating System ကိစ္စမှာ ကျနော့်ကိုပါပါ ဆိုပြီး ပညာသည်တွေက အသိပေးကြတဲ့အခါကျတော့ ၂ ခါ မစဉ်းစားပါဘူး။ ထောက်ခံပြီးတော့ ပါတယ်”လို့ ဦးဝင်းဖေက ပြောပါတယ်။

အခုလို Rating System ကို တောင်းဆိုပြီဆိုရင် ကိုယ့်ဘက်က ဘာတွေ စောင့်ထိန်းရမလဲ၊ ဘာတွေတာဝန်ယူမှု ရှိတယ်ဆိုတဲ့ အချက်တွေကို အရင်ပေးဖို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

“မြန်မာလူမျိုးပဲဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ် လူတွေဟာ နည်းနည်းပေါ့လေ။ လူ ၁၀၀ ရှိရင် ၉၀ လောက်က ကိုယ်ရသင့်တာကို တောင်းပြီးတော့ ကိုယ်ပေးသင့်တာကို မေ့နေတတ်တယ်။ အခု ကျနော်တို့က တောင်းပြီ။ Rating System ကို တောင်းပြီ။ တောင်းပြီးတော့ ကျနော်တို့ရုပ်ရှင် အနုပညာသည်တွေအနေနဲ့ ကိုယ်ပေးရမယ့် ကိုယ့်ထမ်းဆောင်ရမယ့် အရာတွေကို မေ့နေဖို့ မသင့်ဘူး”

“Rating System ကို တောင်းတယ်ဆိုရင် ကိုယ့်ဘက်က ဘာတွေကို စောင့်ထိန်းရမလဲ။ ဘာတွေကို တာဝန်ရှိတယ်၊ ဘာလုပ်ပေးရမလဲဆိုတာကို ကြေညာဖို့ ကောင်းတယ်။ အဲ့ကတိကို ကိုယ်က အရင်ပေးဖို့ ကောင်းတယ်။ အဲဒီလောက်တော့ လုပ်သင့်တယ်” လို့ ဦးဝင်းဖေက ပြောပါတယ်။

ဆက်လက်ပြီး “အာဏာပိုင်အဖွဲ့အစည်း ဒီမိုကရေစီ အစိုးရအဖွဲ့အစည်း အပြည့် မဟုတ်တောင်မှ တဝက်တပျက် ဒီမိုကရေစီရနေတဲ့ အဖွဲ့အစည်း အဲ့အဖွဲ့အစည်းကို ကျနော်တို့က ဒါတွေကို ထိန်းသိမ်းပါမယ်။ ကျနော်တို့ကို ဒါတွေပေးပါဆိုပြီး ကိုယ်က အရင်ပေးပြီးတော့ ကိုယ်ကတောင်း မကောင်းဘူးလားဗျာ။ ဒါလေး အကြံပေးချင်ပါတယ်။ ဒီအကြံဉာဏ်က ရှိပြီးသားလည်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သတိဝိရိယ ရှိတဲ့သူလည်း အများကြီးပါမှာပါ။ ရုပ်ရှင်ပညာသည်၊ အနုပညာသည်တွေအကြား လိုသော်ရှိ မလိုသော်ရှိ အကြံပေးရတာပါ”လို့ ဆိုပါတယ်။

Rating System ကို ဘာအတွက်ကြောင့် တောင်းဆိုနေကြသလဲဆိုတဲ့ အချက်ကိုလည်း အခုလို ရှင်းပြထားပါတယ်။

Rating System ကို ထောက်ခံတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာကြီး ဦးဝင်းဖေ (ဓာတ်ပုံ – WDOM Page)

“အခုရုပ်ရှင် အနုပညာသည်တွေက ဘယ်လိုတောင်းလဲဆိုရင် အဲဒီနည်းနဲ့ စိစစ် ဖြတ်တောက်တဲ့ ကိစ္စဟာ ကမ္ဘာပေါ်မှာ သုံးတဲ့နေရာ နည်းသွားပါပြီ။ ကမ္ဘာပေါ်မှာ သုံးတဲ့နည်းက Rating System လို့ ခေါ်ပါတယ်။ Rating ဆိုတာ အနုပညာသည်တွေ ထုတ်လုပ်လာတဲ့ အနုပညာလက်ရာတွေရဲ့ အဆင့် အမျိုးအစား အဲဒါကို သတ်မှတ်ပြီးတော့ ထုတ်ပြီးတော့ ထိန်းတဲ့ကိစ္စ၊ ဒါကိုအတိုပြောရရင် ဒီကားဟာ ပရိသတ် ကြီးကြီးငယ်ငယ် ဘယ်သူပဲကြည့်ကြည့် သင့်တော်တယ်။ ယဉ်ကျေးသိမ်မွေ့မှု ရှိတယ်။ အင်္ဂလိပ်လိုတော့ General Public လို့ ခေါ်တယ်။ အဆင့်သတ်မှတ် ပေးလိုက်တယ်။ နောက်တခုကတော့ ကလေးတွေ မကြည့်သင့်ဘူး။ ကြည့်မယ်ဆိုရင်လည်း မိဘတွေခွင့်ပြုမှ ကြည့်သင့်တယ်ဆိုပြီး အဲဒါကို ဘာခေါ်လဲဆိုတော့ ကလေးများကြည့်မယ်ဆို မိဘများနဲ့အတူ ကြည့်ပါပေါ့။ Rating ဆိုတာ အမျိုးအစား ခွဲခြားပစ်လိုက်တာ”

“အဲ့လိုခွဲခြားပြီးတော့ မှတ်ချက်ကို မရေးမနေရ။ ရုပ်ရှင်ပြလိုက်ပြီဆိုတာနဲ့ Rating system ကို တခါတည်း ပြထားရတယ်။ ကြော်ငြာ ဆိုင်းဘုတ်မှာ။ တချို့ကားတွေက ယဉ်ကျေး သိမ်မွေ့မှု မရှိဘူး။ ရိုင်းပျတယ်။ 2 X 3 X သတ်မှတ်တယ်။ အများပြည်သူအားလုံးနဲ့ ကြည့်သင့်ကြည့်အပ်တာ မဟုတ်ဘူး။ ဒါအကြမ်းဖျင်း ပြောပြတာပါ။ ကမ္ဘာပေါ်မှာ ကြီးပွားတဲ့ တိုးတက်တဲ့ ထိပ်ရောက်တဲ့ နိုင်ငံတွေက Rating system နဲ့ ရုပ်ရှင်ပညာတွေ အားလုံးကို ဆုံးဖြတ်ပါတယ်။ အဲ့လိုနဲ့ အနုပညာအဆင့်ကိုထိန်းသိမ်းပါတယ်။ အဲဒီအဆင့်နဲ့ ကျနော်တို့နိုင်ငံမှာ လုပ်ပါရစေဆိုပြီး ရုပ်ရှင်အနုပညာရှင်တွေက တောင်းဆိုကြတဲ့သဘော” လို့ ဦးဝင်းဖေက ပြောပါတယ်။

အခုဆိုရင်တော့ Rating System အတွက် ဦးဝင်းဖေ အပါအဝင် ရုပ်ရှင်အနုပညာ နယ်ပယ်မှ ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ထုတ်လုပ်သူများ၊ မိတ်ကပ်ပညာရှင်များ စတဲ့သူများက လက်မှတ်ရေးထိုးပြီး ပါဝင်နေကြတာကို တွေ့ရပါတယ်။

ရုပ်ရှင်ဥပဒေကို ပြင်ဆင်ကာ Rating System ပြုလုပ်ပေးဖို့အတွက် မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာများအသင်း (Writers & Directors Organization of Myanmar) က ဦးဆောင်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

You may also like these stories:

Rating System အတွက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ဝင်များ လက်မှတ်ထိုး

Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ

“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”

Your Thoughts …
Tags: Rating Systemဆင်ဆာစနစ်မြန်မာ့ရုပ်ရှင်ရုပ်ရှင်ဥပဒေဦးဝင်းဖေ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော 

by ချစ်ပိုး
9 August 2019
6.9k

"နေရာတကာတိုင်းတော့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ သွားထောက်လို့ မရဘူး။ သူတို့က ပုံပဲ မြင်ကြသေးတာ။ အခုဇာတ်လမ်းထဲမှာ သူတို့က မြန်မာလူမျိုး မဟုတ်ဘူး။

၂၀၁၇ ခုနှစ် ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲ/VOA

၂၀၁၉ ခုနှစ် အကယ်ဒမီဆုရှင်များ လဲလှယ်ခံရ

by ဧရာဝတီ
26 April 2023
12.4k

အကယ်ဒမီ ဆုပေးပွဲအတွက် ရွေးချယ်ထားသော ဆုရသူများ အမည်စာရင်း ထည့်သွင်းထားသည့် ချိတ်ပိတ်ထားသော စာအိတ်များအား ဖွင့်ဖေါက်၍ အလဲအလှယ်ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် ထွန်းထွန်းဝင်း / ဝေဝေနှင်း / ဧရာဝတီ

အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း

by ချစ်ပိုး
14 June 2020
37.6k

“ကျနော်တို့က အဖြူအမည်း ခေတ်ကတည်းက ရုပ်ရှင် ရိုက်ခဲ့ရတာဆိုတော့ ရုပ်ရှင်ပဲ ပေါ်ခဲ့တာ ကာလာတောင် မပေါ် သေးဘူး။

အကယ်ဒမီ အေးမြတ်သူ / Aye Myat Thu's Facebook

“အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကံကောင်းတယ်လို့ ခံစားရတယ်”

by ချစ်ပိုး
20 January 2021
4.5k

အကယ်ဒမီ သရုပ်ဆောင်ဆိုတာ ဘာနဲ့မှ လဲလို့ မရတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှု ဖြစ်နေတာ။ ပြောတိုင်း ကြည်နူးရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆု ရရှိသူများ  / အောင်ကျော်ထက် / ဧရာဝတီ

ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုများနဲ့ လွဲချော်ခဲ့တဲ့ အကယ်ဒမီ ည

by သီဟတိုး
24 March 2019
20.5k

ပရိသတ်တွေ သဘောကျ နှစ်ခြိုက်ခဲ့ကြတဲ့ "ဥပါယ်တံမျဉ်"၊ "မုဒြာရဲ့ခေါ်သံ"၊ "မီ"၊ "ဒုဋ္ဌဝတီကို လွန်၍"စတဲ့ ရုပ်ရှင်များကတော့ အကယ်ဒမီဆုများ တဆုမှ မရရှိခဲ့ဘဲ လွဲချော်ခဲ့ပါတယ်။

ဒါရိုက်တာ ရီဇော်နဲ့ သရုပ်ဆောင် ရဲတိုက်  / Satori Facebook Page)

“ရုပ်ရှင်ဆင်ဆာစနစ်ဟာ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်ပါ”

by ယုဖြူဟန်
10 December 2020
6.7k

ကိုဗစ်ကာလကို ကျော်လွန်တဲ့အခါမှာ လက်ရှိ ဆင်ဆာစနစ်နဲ့ဆိုရင် နာလန်ပြန်ထူနိုင်ဖို့ မလွယ်ကူဘဲ လွတ်လပ်တဲ့ ဖန်တီးမှုများနဲ့ဆိုရင် ပရိသတ်ရဲ့စိတ်ဝင်စားမှုလည်း ရရှိနိုင်တယ်လို့ ဆိုပါတယ်။

Next Post
အဆိုတော် ကော်နီ / Connie's Facebook

ပရိသတ် ရင်ထဲထိမယ့် “ရေစက်” သီချင်းသစ် ထွက်လာတဲ့ ကော်နီ

စစ်ရှောင်ပြည်သူများကို သွားရောက်ခေါ်ဆောင်၍ ဝါဆိုကျောင်းတိုက်သို့ ပို့ဆောင်နေစဉ်  /  အိုမ်တမာဝ် လူမှုကူညီရေးအသင်း

စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲဒေသခံများ ထွက်ပြေးနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved