အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့ကမ်ပိန်း – CDM ကို ဦးဆောင်ပြုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မယ်ဇလီကုန်းမြို့၊ ဆေးရုံအုပ် ဒေါက်တာ ပြည့်ဖြိုးနိုင်ကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒေါက်တာ ပြည့်ဖြိုးနိုင်ဖမ်းဆီးခံရမှုနဲ့ ပတ်သတ်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ဖြိုးလဲ့လဲ့သူကို ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဧရာဝတီ












