“ဒလန်” ဆိုတာ “တစုံတယောက်၏ အကျိုးအတွက်အခြားသူကိုလှည့်ဖြား၍ ဆောင်ရွက်ပေးသူ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနာမည်ကို အရင်ကတည်းက သုံးစွဲမှုတွေရှိခဲ့ပေမယ့် လက်ရှိအရေးအခင်း ကာလမှာတော့ သုံးစွဲမှုများလာတာတွေ့ရမှာဖြစ်ပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ အဖွဲ့တွေရဲ့ တည်နေရာနဲ့ လှုပ်ရှားမှုတွေကို အာဏာသိမ်းစစ်ကောင်စီ အဖွဲ့တွေထံ “ဒလန်” တွေက သတင်းအချက်အလက်တွေ ပေးနေတဲ့ အတွက် ဖမ်းဆီးခံရမှု၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု၊ အဖွဲ့အစည်းပြိုကွဲမှုတွေပါရှိခဲ့ပါတယ်။
ဒါ့ကြောင့် အာဏာသိမ်း စစ်ကောင်စီထံ သတင်းအချက်အလက်တွေ ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို “ဒလန်” လို့ သတ်မှတ်ပြီး အရေးယူ သုတ်သင်တဲ့ အခြေအနေတွေအထိ ရှိလာခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ “ဒလန်” ကို အခုမှ သုံးစွဲလာတာမဟုတ်ဘဲ အာဏာသိမ်း ခေတ်အဆက်ဆက်မှာလည်း အသုံးပြုခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို နှိပ်ကွပ်ခဲ့ပါတယ်။
အင်တာဗျုး/တည်းဖြတ် – ဧရာဝတီ
#WhatHappenInMyanmar
#RejectMilitryCoup
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။










