အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်ဟာ စက်တင်ဘာ ၂၄ ရက်မှာ ကုလ သမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ သလို၊ မြန်မာနိုင်ငံရဲ့ အမျိူးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာစစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှု ကျူးလွန်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာ ပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဦးဆောင်မှုနဲ့ စူးစိုက်ဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြုတယ်လို့လည်း အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။
အမေရိကန် အစိုးရနဲ့ NUG အစိုးရအကြား ဘာတွေဆွေးနွေးခဲ့ကြသလဲဆိုတာကို ဒီတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ NUG အစိုးရရဲ့ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း အား ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
အင်တာဗျူး/တည်းဖြတ် – ဧရာဝတီ













