အာဏာသိမ်းစစ်ကောင်စီက အခုလ ၁၆ ရက်နေ့မှာ ကလေးမြို့ပေါ်နဲ့ အနီးတဝိုက်မှာရှိတဲ့ ကလေး PDF စခန်းတခုကို ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် ၁၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီအထဲက ဆေးတပ်ဖွဲ့ဝင် မိန်းကလေး ၁ ဦး နဲ့ အမျိုးသား ၂ ဦးကို နေရာမှာတင် ပစ်သတ်ခဲ့ပါတယ်။
စခန်းကို ၂ ရက်သိမ်းပိုက်ထားခဲ့ပြီး နိုဝင်ဘာ ၁၈ နေ့မှ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ယောက်ရဲ့ နောက်ဆုံးအခြေနေကိုတော့ အခုထိ မသိရသေးပါဘူး။ ဒီအထဲမှာ ဇိုမီးအဆိုတော် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးငယ် ၉ ဦးက Kalay-PDF ရဲ့ ဆေးတပ်ဖွဲ့ဝင်တွေ ဖြစ်သလို အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေအတွက် အဓိက ထောက်ပို့အနေနဲ့ တော်လှန်ရေးထဲကို ပါဝင်လာတာဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup












