လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြန်မာစစ်တပ်ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်လက်နက်ပစ္စည်း ရောင်းချမှု မပြုလုပ်ကြဖို့ ပိတ်ပင်ထားပေ မယ့် စစ်ဗိုလ်ချူပ်ကြီးတွေနဲ့ နီးစပ်တဲ့ အခွင့်ထူးခံ ခရိုနီ မြန်မာသူဌေးကြီး တချို့ကတော့ စီးပွားရေး လုပ်ငန်းမျိုးစုံကို အမည်ခံ အယောင်ပြပြီး အာဏာသိမ်း စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတင်သွင်းပေးနေကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ခရိုနီကြီးတွေရဲ့ အကျိူးဆောင်ပေးမှုက တဆင့် ဝယ်ယူခွင့် ရရှိခဲ့တဲ့ တိုက်လေယာဉ် အပါအ ဝင် စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး တိုင်းရင်းသားဒေသက လက်နက်ကိုင် ခုခံရေး သမားတွေနဲ့ ဒေသခံတွေကို ပစ် ခတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကတော့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးအေးကို၊ ဒေါက် တာနိုင်ထွဋ်အောင်၊ ဒေါက်တာအောင်မိုးမြင့်၊ ဦးစစ်တိုင်းအောင်၊ ဦးထွန်းလှိုင်၊ ဂျော်နသန်ကျော်သောင်း၊ ဦးအောင်လှိုင်ဦး၊ ဦးတေဇနဲ့ ဦးဇော်ဝင်းဦးတို့ဟာ စစ်ကောင်စီကို လက်နက်ရောင်းချပေးနေတယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ် ပြန်ထားပါတယ်။