ကာမရယူလိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ဝေဠုကျော်ဟာ ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ အလှမယ်သင်းသင်းရဲ့ ညစ်ညမ်းပုံတွေကို တရားခွင်မှာ သက်သေအဖြစ်တင်သွင်းခဲ့ပါတယ်။
အခုလို လုပ်ရပ်ဟာ တရားဥပဒေကြောင်းအရရော၊ အမျိုးသမီးအခွင့်အရေးနဲ့ပါ ပတ်သက်ပြီး မဖြစ်သင့်ဘူးလို့ ရှေ့နေတွေနဲ့ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
လေးနှစ်ကျော်ကြာ ရင်ဆိုင်နေရတဲ့ အဲဒီအမှုမှာတော့ အလှမယ်သင်းသင်းအနေနဲ့ တရားခွင်တွေမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အခုလို တဖက် အမျိုးသားဟာ တရားခွင်မှာ သူမရဲ့ အခွင့်အရေးနဲ့ သိက္ခာပိုင်းဆိုင်ရာကို ထိခိုက်အောင် ညစ်ညမ်းပုံ ၃ ပုံ ကို သက်သေအဖြစ် တင်သွင်းတဲ့အပေါ်မှာတော့ ပြောပြဖို့တောင် ခက်တယ်လို့ သင်းသင်းက ပြောပါတယ်။











