မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဧပြီလ ၁၁ ရက်နေ့ကစတင်ပြီး ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့အထိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေရာမှာ ဒီနေ့ထိ မီးရှို့ခံရတဲ့ ကျေးရွာ ၆ ရွာရှိနေပြီ ဖြစ်ပါတယ်။
ဧပြီလ ၁၃ ရက် ဒီနေ့မှာ လက်ပံလှကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့နေတာလို့ ဒေသခံက ပြောပါတယ်။
ဧပြီ ၁၁ ရက်နေ့က ပေါက်မြို့နယ်နဲ့ ဆိတ်ဖြူမြို့နယ်အစပ်က ရှားလှရွာ၊ ပေါက်မြို့နယ်က တောင်ချိုရွာ ကို မီးရှိုခံခဲ့ကြပါတယ်။ ဧပြီ ၁၂ ရက်နေ့မှာ ပေါက်မြို့နယ် ကျောက်အိုးကျေးရွာနဲ့ တံစူးကျေးရွာတို့ကို ဆက်တိုက် မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။












