ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဘက်ကနေ ဧပြီလဆန်းကစပြီး ရိက္ခာကားတန်းတွေနဲ့ အင်အားဖြည့်မှုတွေ ပြုလုပ်နေတဲ့အတွက် သတိထား စောင့်ကြည့်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံက ဧရာဝတီကိုပြောပါတယ်။
KIA ဌာနချုပ်အနီးမှာရှိတဲ့ နန်ဆန်ယန်ကျေးရွာကို ပြီးခဲ့တဲ့ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ ခန့်ရှိတဲ့ ရိက္ခာကားတန်းနဲ့ ဝင်ရောက်လာပြီး စစ်ရေးတင်မာမူရှိနေတာပါ။
လက်ရှိအချိန်ထိစစ်ကောင်စီဘက်က ရိက္ခာဖြည့်စည်းမူတွေရှိတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။