ဒီနေ့ဟာ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တဲ့ နှစ်နှစ် မြောက်နေ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ အသက်၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးခဲ့ရတဲ့ လူငယ်တွေဟာ ဖျက်သိမ်းခံလိုက်ရတဲ့ ရွေးကောက်ပွဲရလဒ်ကြောင့် အနာဂတ်တွေ ရိုက်ချိုးခံခဲ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး တိုင်းပြည်ကို လက်နက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အခုဆိုရင် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့ လူငယ်တွေက တိုက်တွန်းလိုက်ကြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











