စစ်အာဏာရှင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၂၀၁၀ ခုနှစ်က ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီ အသက်သွင်းလိုက်တာကြောင့် မြန်မာနိုင်ငံက မိဘတွေဟာ သူတို့သားသမီးတွေရဲ့ အသက် အန္တရာယ် နဲ့ လုံခြုံရေးကို စိုးရိမ်ပူပန်နေကြရပါတယ်။
စစ်ကောင်စီက ဖေဖော်ရီ ၁၀ရက်နေ့မှာ စစ်မှုထမ်းဉပဒေကို အတည်ပြုလိုက်ပြီးနောက် ရပ်ကွက်တွေထဲ သန်းခေါင်စာရင်းတွေ လိုက်လံကောက်ခံနေပြီး ကောက်ယူရရှိထားတဲ့ စာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်း နီးပါးရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ပိုင်မီဒီယာတွေကနေ တဆင့် အတည်ပြုပြောဆို ထားပါတယ်။
လက်ရှိမှာတော့ အသက် ၃၅နှစ်အောက် လူငယ်အများစု စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းရရေး လွတ်မြောက်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိရာကို တိမ်းရှောင်သွားသူတွေရှိသလို ပြည်ပနိုင်ငံတွေကို ရရာလမ်းကြောင်းနဲ့ ထွက်နိုင်ဖို့ ကြိုးပမ်းနေသူတွေ ရှိနေပါတယ်။