လတ်တလော ပြည်ပတွင် ထုတ်ဝေဖြန့်ချိသော “ငါတို့မှာ ငါတို့ရှိတယ်” အမည်ရ ဆောင်းပါး အပုဒ်ရေ ၃၀ ပါ စာအုပ်ကို ရေးသားသူ စာရေးဆရာ ထိန်လင်းနှင့် ဧရာဝတီ အယ်ဒီတာ ရဲနည်တို့၏ စကားဝိုင်းဖြစ်သည်။
စာရေးဆရာ ထိန်လင်းသည် ဧရာဝတီ မြန်မာပိုင်း စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သော အယ်ဒီတာတဦးဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသည်။
သူသည် လက်ရှိအချိန် CRPH Support Team (San Francisco Bay Area) တွင် ထောက်ပို့အစီအစဉ် (PRF Program) နှင့် CDM ထောက်ပံ့ရေးအစီအစဉ်တို့ကို တာဝန်ယူလုပ်ဆောင်နေသည်။