ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ရွှေ့ပြောင်း အခြေချ သူတွေရဲ့ ပညာရေးအတွက် အားထားရာ ရွှေ့ပြောင်းကျောင်းတွေဟာ ရေရှည်ရပ်တည်နိုင်ရေး အတွက် ခေတ်အဆက်ဆက် ရုန်းကန်ခဲ့ရပါတယ်။ အခြေခံ ပညာရေးကနေ အဆင့်မြင့်ပညာရေး ဆီကို အရေးနည်းပါးပေမယ့် ရွှေ့ပြောင်းအခြေချသူတွေဟာ သားသမီးတွေ ရဲ့ ပညာရေးအတွက် ဒီကျောင်းတွေကိုပဲ အားကိုးရပါတယ်။
မြန်မာနိုင်ငံ စစ်ကောင်စီရဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာတော့ ထိုင်း-မြန်မာ နယ်စပ် တလျှောက်မှာ ပြောင်းရွှေ့ အခြေချသူ အဆမတန် တိုးလာခဲ့ပြီး ရွှေ့ပြောင်း ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်းဟာလည်း ခုနှစ်ဆယ် ရာခိုင်နှုန်းလောက် တိုးလာပါတယ်။
ဝန်နဲ့အား မမျှမတ ရုန်းကန်နေရတဲ့ ဒီကျောင်းတွေဟာ ဖေဖော်ဝါရီ (၁၀) ရက်နေ့ က မြန်မာနိုင်ငံ မှာ အတည်ပြုပြဌာန်း လိုက်တဲ့ “စစ်မှုမထမ်းမနေရ” ဥပဒေကြောင့် ရှေ့လျှောက် ဒီထက်ပို ရုန်းကန်ရပါဦးမယ်။