တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ရဲ့ နာယက ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ အဖွဲ့တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က မဟာမိတ်စုဖွဲ့မှုပုံစံသစ်အနေနဲ့ 7 EAOs Alliance ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီ ၇ ဖွဲ့ထဲမှာ PNLO အဖွဲ့အမည်လည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က 7 EAOs Alliance မှာနာမည်ပါနေတဲ့ ကိစ္စဟာ PNLO ဗဟိုရဲ့ သဘောထားမပါဝင်ဘဲ တက်ရောက်သူ တဦးချင်းစီရဲ့ ဆုံးဖြတ်ချက်တာဖြစ်တယ်လို့ မီဒီယာတွေကို တရားဝင်ထုတ်ပြောပါတယ်။
PNLO/PNLA ဟာတခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ခိုက်နေလျှက် ရှိပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဗိုလ်ချုပ်ကြီးခွန်ဥက္ကာ ပြောကြားခဲ့တဲ့ အချက်တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။













