ရခိုင်ပြည်နယ်မှာ အကြီးအကျယ် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ရဲ့ မှတ်ပုံတင်အမှတ် ၁၁/ ကိုင်ဆောင်ဆောင်ထားသူတွေကို နိုင်ငံတွင်းခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားတယ်လို့ ခရီးသွားလုပ်ငန်း တွေထံကနေ သိရပါတယ်။
မတ်လ ၁၈ ရက်နေ့လောက်က စတင်ကာ ကားလက်မှတ်အရောင်းဌာနတွေနဲ့ ကားဂိတ်တွေမှာ ၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို လက်မှတ်မဖြတ်ပေးဖို့နဲ့ ကြိုတင်လက်မှတ်ဖြတ်ပေးထား သူတွေကို ငွေပြန်အမ်းဖို့ စစ်ကောင်စီက ညွှန်ကြားစာပေးပို့လာတာလို့ သိရပါတယ်။
၁၁/ မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဟာ ရခိုင်ပြည်နယ်အတွင်းကိုသာမကပဲ ဘယ်နေရာမှာပဲရှိနေနေ အခုရောက်ရှိနေတဲ့ နေရာကနေ ဘယ်ဒေသကိုမှ သွားလာခွင့်မရှိတော့တာဖြစ်ပါတယ်။