ညီညွတ်ရေးဆိုတဲ့ စကားလုံးဟာ နားထောင်လို့ကောင်းပေမယ့် လက်တွေ့တည်ဆောက်ရာမှာ အခက်အခဲတွေရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားအားလုံး လုံးဝရပ်တန့်သွားပြီဖြစ်တဲ့ ကရင်နီပြည်မှာ ကရင်နီတပ်မတော် (KA) အပါအဝင် အရင်ကတည်းက ရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၂၀၂၁ အာဏာသိမ်းပြီးကာလမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား စနစ်တကျအဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain Of Command) COC တခုထဲအောက်ကနေ သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ တိုင်းရင်းသားအဖွဲ့တွေကို သပ်လျှိုသွေးခွဲမှုတွေပြုလုပ်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေရှိခဲ့ပြီး ကရင်နီပြည်မှာလည်း အချင်းချင်း ပြန်တိုက်တာ၊ လူမျိုးရေး၊ ဘာသာရေးအရ ကွဲလွဲမှုတွေ အထင်အရှားရှိခဲ့တာကြောင့် ဒီသမိုင်းဖြစ်စဉ်တွေကို ကြည့်ပြီး သင်ခန်းစာ ယူသင့်တယ်လို့ စစ်ရေးချုပ်က ပြောပါတယ်။
KNDF ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်နေ့အတွက် ဆက်သွယ်မေးမြန်းချက်ထဲက စစ်ရေးချုပ် ခူးရီးဒူ ရဲ့ သဘောထားမှတ်ချက်ကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













