ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေလက်အောက် ကျမသွားရေးအတွက် ဇွန်လအစောပိုင်းကတည်းက အင်အားတွေဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်း အရင်းအမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
မူဆယ်မြို့ဟာ မြန်မာ-တရုတ်နယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ အသိမ်းမခံလိုက်ရဘဲ ကျန်နေခဲ့တဲ့မြို့ ဖြစ်ပါတယ်။
မူဆယ်မြို့နဲ့ ထိစပ်နေတဲ့ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ ပန်ဆိုင်း၊ မုန်းကိုး၊ နမ့်ခမ်း၊ ကွတ်ခိုင်အပါအဝင် မြို့ပေါင်း ၁၇ မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ လက်အောက်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မြေပြင်လမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ စစ်ကောင်စီက မူဆယ်မြို့ကို တလမှာ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်အထိ လေယာဥ်နဲ့ တပ်အင်အား၊ လက်နက်အင်အားတွေ လာချနေတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဟာ တရုတ်က ဖိအားပေးပြီး ကြားဝင်မယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်ဖို့ကြာနိုင်ပေမယ့် တရုတ်က ဝင်မတားရင် အနှေးနဲ့အမြန် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဝါရင့် စစ်ရေးသုတေသီ တဦးက သုံးသပ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR