အုပ်ချုပ်ရေးနယ်မြေတွေအများပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်လာပြန်ပါတယ်။
မန္တလေးတိုင်း မိတ္ထီလာခရီးစဉ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဇွန်လ ၁၅ ရက်နေ့က တွေ့ဆုံရာမှာ လာမည့်နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း ခေါင်းဆောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့စစ်ကောင်စီက နိုင်ငံရေးပါတီ ၆၀ ကျော်ကိုမှတ်ပုံတင်ခွင့်ပြုထားပါတယ်။ ဒီနိုင်ငံရေးပါတီတွေထဲမှာ စစ်တပ်ကျောထောက်နောက်ပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အင်အားအကြီးမားဆုံးဖြစ်ပါတယ်။ သူတို့ပါတီဝင်တွေတောင်ပုန်လျှိုးကွယ်လျှိုး နေထိုင်နေရတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်အချို့က ဧရာဝတီကိုပြောပါတယ်။
အခြားမှတ်ပုံတင်ထားတဲ့ ပါတီတွေက ပြည်သူတွေရဲ့သပိတ်မှောက်ခြင်းခံထားရတဲ့အပြင် အသစ်တိုးမြှင့်လိုက်တဲ့စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေ၊ ဘဏ္ဍာရေးလိုအပ်ချက်တွေကြားထဲမှာ ရပ်တည်ရကြပ်တည်းနေတယ်လို့ ပါတီအချို့ကဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












