ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ယှဉ်တွဲနေထိုင်ခြင်းက မြန်မာအမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝ အစိတ်အပိုင်းတခုဖြစ်လာပါတယ်။ ဆယ်ကျော်သက် အမျိုးသမီးငယ်တွေကို ပြစ်မှတ်ထားပြီး လိင်ခြိမ်းခြောက်မှုတွေ ကျူးလွန်နေတာကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပေါ်ပေါ်ထင်ထင်တွေ့မြင်လာရပါတယ်။
လိင်မှုကိစ္စအသားပေး ရုပ်သံတွေကို ကွပ်ကဲမှုအားနည်းတဲ့ Telegram မှာ ထောင်နဲ့ချီတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စလစ်ပုံတွေနဲ့ လိင်မှုကိစ္စ ပြုကျင့်နေတဲ့ ဗီဒီယို မှတ်တမ်းတွေကို ခိုးယူမျှဝေနေကြသလို အမျိုးသမီးတွေရဲ့ နာမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေကိုပါ အတိအကျ ဖော်ပြထားတာတွေ့ရပါတယ်။
အမျိုးသမီးတွေအပေါ် မြန်မာ့လူမှုအသိုင်းအဝိုင်းက ဖန်တီးထားတဲ့ ဖိနှိပ်မှုနဲ့ အကြောက်တရားက ဒီအမျိုးသမီးတွေ တရားမျှတမှုကိုရှာဖို့ အဟန့်အတားဖြစ်စေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












