• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

လျှို့ဝှက်ပြီး အငြင်းပွားဖွယ် တယ်လီဂရမ် တည်ထောင်သူ ပါဗယ်လ်ဒူးရော့ဗ်

by ဧရာဝတီ
27 August 2024
in Crime, ဆောင်းပါး
A A
လျှို့ဝှက်ပြီး အငြင်းပွားဖွယ် တယ်လီဂရမ် တည်ထောင်သူ ပါဗယ်လ်ဒူးရော့ဗ်

ပါဗယ်လ်ဒူးရော့ဗ်သည် ယခုသီတင်းပတ်ကုန်တွင် ပြင်သစ်နိုင်ငံ ပါရီလေဆိပ်တွင် စိတ်လှုပ်ရှားစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်/AFP

2.7k
VIEWS
Share on FacebookShare on Twitter

ရုရှားနွယ်ဖွား နည်းပညာစွန့်ဦးတီထွင်သူ ပါဗယ်လ်ဒူးရော့ဗ်သည် လူသိများကျော်ကြားလှသော လူမှုကွန်ရက်များအပြင် ခရစ်ပ်တို ငွေကြေး crypto-currency များကို တည်ထောင်ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ပိုင်သူ ဖြစ်သည်။ သူသည် ရုရှား အာဏာပိုင်များနှင့်သာမက ကမ္ဘာတဝှမ်းရှိ အာဏာပိုင်များနှင့်လည်း ရန်ဖြစ်သည်။

Facebook တည်ထောင်သူ မာ့က်ဇက်ကာဘတ်ကို ရည်ညွှန်းကာ တချိန်က “ရုရှားဇူကာဘတ်” ဟု အမည်တွင်သည့် အသက် ၄၀ ပြည့်ရန် လအနည်းငယ်လိုသေးသော ပါဗယ်လ်ဒူးရော့ဗ်သည် ယခုသီတင်းပတ်ကုန်တွင် ပြင်သစ်နိုင်ငံ ပါရီလေဆိပ်တွင် စိတ်လှုပ်ရှားစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

စိန့်ပီတာစဘတ်ဇာတိဖြစ်သူ ဒူးရော့ဗ်သည် အသက် ၂၀ ကျော်အရွယ်တွင် ရုရှားဘာသာစကား အသုံးပြုသူများကြား ရေပန်းစားခဲ့သော VKontakte (VK) လူမှုကွန်ရက်ကို တည်ထောင်ပြီး ယခင် ဆိုဗီယက်ယူနီယံဟောင်းတကြော Facebook ကို ဈေးကွက်တွင် အပြတ်ရှင်းနိုင်ခဲ့ရာ တဟုန်ထိုး ကျော်ကြားလာခဲ့သည်။

စိန့်ပီတာစဘတ်ဇာတိဖြစ်သူ ဒူးရော့ဗ်သည် အသက် ၂၀ ကျော်အရွယ်တွင် ရုရှားဘာသာစကား အသုံးပြုသူများကြား ရေပန်းစားခဲ့သော VKontakte (VK) လူမှုကွန်ရက်ကို တည်ထောင်ပြီး ယခင် ဆိုဗီယက်ယူနီယံဟောင်းတကြော Facebook ကို ဈေးကွက်တွင် အပြတ်ရှင်းနိုင်ခဲ့ရာ တဟုန်ထိုး ကျော်ကြားလာခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
561
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131

ရုရှားအာဏာပိုင်များနှင့် အငြင်းပွားပြီး ပိုင်ဆိုင်မှုအတွက် တိုက်ပွဲများအပြီးတွင် သူသည် VKontakte မှ ရောင်းထုတ်ကာ Telegram ဟုခေါ်သော စာတိုပေးပို့ခြင်း ဝန်ဆောင်မှုအသစ်ကို တည်ထောင်ခဲ့ရာ အရှိန်အဟုန်ဖြင့် ဆွဲဆောင်မှုများစွာ ရရှိခဲ့သော်လည်း လွန်ကဲသော အကြောင်းအရာများအပေါ် ထိန်းချုပ်မှု ကင်းမဲ့သည်ဟု ဝေဖန်သူများနှင့်လည်း အငြင်းပွားသည်။

ဤအငြင်းပွားမှုများ ပြင်းထန်လာသည်နှင့်အမျှ ဒူးရော့ဗ်သည် တခါတရံ Telegram တွင် လျှို့ဝှက်ဆန်းကြယ်သောကြေငြာချက်များ ထုတ်တတ်ပြီး မီဒီယာများနှင့် အင်တာဗျူးများ ပေးခဲသောကြောင့် တွက်ရခက်ပြီး လျှို့ဝှက်ဆန်းကြယ်သူ တယောက် ဖြစ်သည်။

အချုပ်အနှောင်ကင်းသော လွတ်လပ်ခွင့်ကို လိုလားသူဟု ကိုယ့်ကိုယ်ကို ခံယူသော ဒူးရော့ဗ်သည် အင်တာနက်နှင့် စာတိုပေးပို့ခြင်းတွင် လျှို့ဝှက်ကုဒ်ရေးရာ၌ ဆရာကြီးတဆူဖြစ်သည်။

အသုံးပြုသူ မည်သူမဆို လိုက်နိုင်သော “ချန်နယ်များ” တွင် ဗီဒီယို၊ ပုံများနှင့် မှတ်ချက်များ ပို့စ်တင်ခွင့်ပြုသည့် Telegram တွင် မက်ဆေ့ချ်ပါ အကြောင်းအရာများကို ခွဲခြမ်းစိစစ်မှုအား ခွင့်ပြုရန် သူက ခေါင်းမာမာ ငြင်းဆိုသည်။

ဒူးရော့ဗ်ကို Telegram တွင် လိမ်လည်လှည့်ဖြားမှု၊ ကလေး ညစ်ညမ်းရုပ်ပုံ ဖြန့်ချိမှု၊ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှု၊ ဆိုက်ဘာအနိုင်ကျင့်မှုနှင့် အကြမ်းဖက်ဝါဒကို မြှင့်တင်ခြင်း အပါအဝင် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ဖမ်းဝရမ်းဖြင့် ပြင်သစ်အာဏာပိုင်များက ပစ်မှတ်ထားခံခဲ့ရသည်။

ဒူးရော့ဗ်ကို Telegram တွင် လိမ်လည်လှည့်ဖြားမှု၊ ကလေး ညစ်ညမ်းရုပ်ပုံ ဖြန့်ချိမှု၊ မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှု၊ ဆိုက်ဘာအနိုင်ကျင့်မှုနှင့် အကြမ်းဖက်ဝါဒကို မြှင့်တင်ခြင်း အပါအဝင် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ဖမ်းဝရမ်းဖြင့် ပြင်သစ်အာဏာပိုင်များက ပစ်မှတ်ထားခံခဲ့ရသည်။

စုံစမ်းစစ်ဆေးမှုများကို ပြင်သစ်စစ်တပ်၏ ဆိုက်ဘာယူနစ်နှင့် အမျိုးသားလိမ်လည်မှုတိုက်ဖျက်ရေးရုံးသို့ အပ်နှင်းထားသည်။ ၎င်းအား ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ယင်းအမှုနှင့် နီးစပ်သူနှစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ငါးတွေအားလုံးကို ကျေးဇူးတင်ပါတယ်”

၂၀၀၆ ခုနှစ်တွင် စိန့်ပီတာစဘတ်တက္ကသိုလ်မှ ဘွဲ့ရပြီးသည့်နောက် ဒူးရော့ဗ် သည် တည်ထောင်သူအဖြစ် အတိအလင်း လူလုံးထွက်မပြဘဲ VKontakte (VK) ကို စတင်ထုတ်လုပ်ကာ သုံးစွဲသူများကို ဆွဲဆောင်နိုင်ခဲ့သည်။

မှန်းဆမရသော သူ့ အပြုအမူ၏ စတန့်ပုံစံတခုအဖြစ် ၂၀၁၂ ခုနှစ်တွင် ဒူးရော့ဗ်သည် စိန့်ပီတာဇဘတ်ရှိ သမိုင်းဝင်စာအုပ်ဆိုင် Nevsky Prospekt ထိပ်၌ တည်ရှိသော VK ရုံးချုပ်ပေါ်မှ လမ်းသွားလမ်းလာများအား ပိုက်ဆံအရွက်ကြီးများ ကြဲချခဲ့ဖူးသည်။

သို့သော် ရုရှားရဲထောက်လှမ်းရေးများ (FSB) သို့ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လွှဲပြောင်းပေးရန် ငြင်းဆိုသည့်အတွက် ကရင်မလင်နှင့် ပြဿနာတက်ပြီးနောက် ကုမ္ပဏီအား ရောင်းထုတ်ပြီး ၂၀၁၄ ခုနှစ်တွင် ရုရှားမှ ထွက်ခဲ့သည်။

ဒူးရော့ဗ်သည် ကျော်ကြားသော “Hitchhiker’s Guide to the Galaxy” သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းစီးရီးတွင် ဆောင်ပုဒ်တခုဖြစ်သည့် “So Long and Thanks for All the Fish” နှင့် လင်းပိုင်ပုံတို့ကို တင်ကာ VK မှ နုတ်ထွက်ခဲ့သည်။

သူသည် ၎င်း၏အစ်ကို နီကိုလိုင်နှင့်အတူ တယ်လီဂရမ် စာတိုပို့ဝန်ဆောင်မှုကို တနိုင်ငံပြီး တနိုင်ငံ ခရီးသွားလာစဉ် တီထွင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည်။

သူသည် ဒူဘိုင်းတွင် အခြေချနေထိုင်ပြီး ကာရေဘီယံကျွန်းစု၏ Saint Kitts and Nevis နိုင်ငံသားဖြစ်ခွင့်ကို ရရှိခဲ့ကာ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ပြင်သစ်နိုင်ငံသားအဖြစ် သိုသိုသိပ်သိပ် နေထိုင်ရင်း ရရှိခဲ့သည်။ ယင်းကို ပါရီက သတိကြီးကြီး ကိုင်တွယ်နေသည်။

သူသည် ဒူဘိုင်းတွင် အခြေချနေထိုင်ပြီး ကာရေဘီယံကျွန်းစု၏ Saint Kitts and Nevis နိုင်ငံသားဖြစ်ခွင့်ကို ရရှိခဲ့ကာ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ပြင်သစ်နိုင်ငံသားအဖြစ် သိုသိုသိပ်သိပ် နေထိုင်ရင်း ရရှိခဲ့သည်။ ယင်းကို ပါရီက သတိကြီးကြီး ကိုင်တွယ်နေသည်။

တချိန်တည်းတွင် တယ်လီဂရမ်သည်”ဆင်ဆာဖြတ်တောက်ခြင်း” ကို ငြင်းဆန်ကာ အသုံးပြုသူများ၏ လျှို့ဝှက်ချက်ကို ကာကွယ်ခြင်းဖြင့် တသီးပုဂ္ဂလ လွတ်လပ်ခွင့်များ၏ ချန်ပီယံဖြစ်လာခဲ့ကာ အကြီးအကျယ် အောင်မြင်ခဲ့သည်။

ယင်းသည် အထူးသဖြင့် ၎င်း၏ ဇာတိနိုင်ငံရှိ အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မော်စကိုတရားရုံးက တယ်လီဂရမ်ကို ပိတ်ပင်ရန် အမိန့်ပေးခဲ့သည်။ သို့သော် ထိုသို့တင်းကျပ်သော အရေးယူမှုသည် ဝရုန်းသုန်းကား ဖြစ်စေခဲ့ပြီး သုံးရက်အကြာတွင် ဆန္ဒပြသူများက တယ်လီဂရမ်၏ အမှတ်တံဆိပ် သင်္ကေတဖြစ်သည့် စက္ကူလေယာဉ်များဖြင့် ရုရှရဲထောက်လှမ်းရေး ရုံးချုပ်ကို ပစ်လွှတ်ကာ ဆန္ဒပြခဲ့ကြသည်။

ထိုအချိန်မှစ၍ ရုရှားနိုင်ငံသည် တယ်လီဂရမ်ကို ပိတ်ဆို့ရန် ကြိုးပမ်းမှုများအား စွန့်လွှတ်ခဲ့ပြီး ရုရှားအစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးမှ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုကို အသုံးပြုကြကာ အချို့သော ချန်နယ်များသည် စာရင်းသွင်းသူ ထောင်ရာနှင့်ချီရှိကြောင်း ကြွားလုံးထုတ်ကြသည်။

တယ်လီဂရမ်သည် ယူကရိန်း-ရုရှား စစ်ပွဲတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပြီး နှစ်ဖက်စလုံးမှ ဘလော့ဂါများသည် ၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာချက်များနှင့် တိုက်ပွဲဗီဒီယိုများကို ပို့စ်များ တင်ခဲ့ကြသည်။

စစ်ပွဲကို ထောက်ခံသည့် “Z-bloggers” ဟု ခေါ်သော မော်စကိုလိုလားသော ချန်နယ်များသည် တခါတရံတွင် ရုရှား၏ စစ်ရေးဗျူဟာကို ပြစ်တင်ဝေဖန်ကြပြီး ဩဇာကြီးမားကြောင်း သက်သေပြခဲ့သည်။

“ကိုယ်ရေးကိုယ်တာကို ချစ်ပါ”

ဒူးရော့ဗ်သည် သမားရိုးကျ မီဒီယာအင်တာဗျူးများကို ရှောင်ဖယ်ခဲ့သော်လည်း ဧပြီလတွင် အလွန်ရှေးရိုးစွဲသော အမေရိကန် သတင်းထောက် တက်ကာ ကာလ်ဆန် နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။

လူတွေက “အမှီအခိုကင်းတာကို ချစ်တယ်။ သူတို့က ကိုယ်ရေးကိုယ်တာနဲ့ လွတ်လပ်မှုကိုလည်း နှစ်သက်တယ်။ တယ်လီဂရမ်ကို သုံးစွဲသူ တဦးချင်းစီမှာ ပြောင်းလာရတဲ့ အကြောင်းရင်းတွေ များစွာ ရှိပါတယ်” ဟု ဒူးရော့ဗ် မှ ကာလ်ဆန်သို့ ပြောသည်။

ဒူးရော့ဗ်သည် သူ၏ ကိုယ်ပိုင် တယ်လီဂရမ် ချန်နယ်တွင် တကိုယ်တော်ဘဝကို နေသွားရန်၊ အသား အရက်နှင့် ကော်ဖီတို့ကို ရှောင်ရန် စသည့် မက်ဆေ့ချ်များကို ရေးတင်ရန်လည်း မတွန့်ဆုတ်ပါ။ “Matrix” ဇာတ်ကားတွင် မင်းသား ကီနူးရိဗ် Keanu Reeves နှင့် ဆင်တူသည့် အနက်ရောင်ကို အမြဲဝတ်ဆင်ထားတတ်သည်။

ဇူလိုင်လတွင် သူသည် နိုင်ငံတဒါဇင်တွင် ၎င်း၏ သုတ်ပိုးလှူဒါန်းမှုကြောင့် ကလေး ၁၀၀ ကျော်၏ ဖခင်အရင်းဖြစ်ကြောင်း ကြွားဝါခဲ့ပြီး ယင်းလုပ်ရပ်ကို “ပြည်သူ့တာဝန်” အဖြစ် နည်းပညာရှင် သူဌေးကြီး X နှင့် Tesla အကြီးအကဲ အီလွန်မက်စ်က ပြောဖူးသည့် မိဘအုပ်ထိန်းမှုဆိုင်ရာ သဘောထားကို ထပ်ဆင့်ပြောကြားသည်။

ဇူလိုင်လတွင် သူသည် နိုင်ငံတဒါဇင်တွင် ၎င်း၏ သုတ်ပိုးလှူဒါန်းမှုကြောင့် ကလေး ၁၀၀ ကျော်၏ ဖခင်အရင်းဖြစ်ကြောင်း ကြွားဝါခဲ့ပြီး ယင်းလုပ်ရပ်ကို “ပြည်သူ့တာဝန်” အဖြစ် နည်းပညာရှင် သူဌေးကြီး X နှင့် Tesla အကြီးအကဲ အီလွန်မက်စ်က ပြောဖူးသည့် မိဘအုပ်ထိန်းမှုဆိုင်ရာ သဘောထားကို ထပ်ဆင့်ပြောကြားသည်။

Forbes မဂ္ဂဇင်း၏ နောက်ဆုံးခန့်မှန်းချက်အရ ဒူးရော့ဗ်၏ကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံဖြစ်သည်။ သို့သော် သူ ဖန်တီးသည့် ခရစ်ပြီတိုငွေကြေး ဖြစ်သော toncoin သည် သူ အဖမ်းခံရပြီးနောက် ၁၅ ရာခိုင်နှုန်းကျော် တန်ဘိုး ကျဆင်းသွားခဲ့သည်။

လိမ်လည်လှည့်ဖျားသည့် ဇာတ်လမ်းများဖြန့်ခြင်း၊ လူသတ်မှုအတွက် ဖုန်းခေါ်ဆိုမှုများအား လက်ခံခြင်းနှင့် မူးယစ်ဆေးဝါး အရောင်းအဝယ်အတွက် လက်ခံဆောင်ရွက်ပေးသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ဥရောပ တရားရေးအာဏာပိုင်များ
အမြင်တွင် တယ်လီဂရမ်သည် ကာလကြာရှည်စွာ ရှိနေခဲ့သည်။ သို့သော် ဒူးရော့ဗ်သည် အကြမ်းဖက်မှု သို့မဟုတ် လူသတ်မှုနှင့်ပတ်သက်သော အကြောင်းအရာများကို ဖယ်ရှားရန် တောင်းဆိုမှုတိုင်းကို အခိုင်အမာ ငြင်းပယ်နေခဲ့သည်။

ကိုးကား။ ။ AFP ၏ Pavel Durov: Mysterious and Controversial Telegram Founder

You may also like these stories:

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

ထိုင်းကို လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်ရေး AI နဲ့ ကူညီပေးမယ်

ထိုင်းမှာ Tesla စက်ရုံတည်ရေး အလားအလာ စာမလာ သတင်းမကြားရသေး

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

Your Thoughts …
Tags: TelegramVKခရစ်ပ်တို ငွေကြေးတယ်လီဂရမ် တည်ထောင်သူပါဗယ်လ်ဒူးရော့ဗ်ပြင်သစ်ရဲတပ်ဖွဲ့လူမှုကွန်ရက်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လူထုကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ လော်ဘီများ

လူထုကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ လော်ဘီများ

by ဧရာဝတီ
19 August 2023
9.1k

တိုင်းပြည် အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီထောက်ခံတဲ့ ဒီတယ်လီဂရမ် အကောင့်တွေကတဆင့် အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ နေ့စဉ်နဲ့အမျှခြိမ်းခြောက်ခံနေရတာဖြစ်ပါတယ်။

တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

by ဧရာဝတီ
7 September 2024
1.2k

ဒီလုပ်ရပ်ဟာ ပြင်သစ် အနေနဲ့ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ပူတင်က ကြာသပတေး နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ငါ့ဆီကို ဘယ်သူကလာပြီး ခြိမ်းခြောက်ဦးမလဲ (ရုပ်/သံ)

ငါ့ဆီကို ဘယ်သူကလာပြီး ခြိမ်းခြောက်ဦးမလဲ (ရုပ်/သံ)

by အေမီ
2 July 2024
265

ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ယှဉ်တွဲနေထိုင်ခြင်းက မြန်မာအမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝ အစိတ်အပိုင်းတခုဖြစ်လာပါတယ်။ ဆယ်ကျော်သက် အမျိုးသမီးငယ်တွေကို ပြစ်မှတ်ထားပြီး လိမ်ခြိမ်းခြောက်မှုတွေ ကျူးလွန်နေတာကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပေါ်ပေါ်ထင်ထင်တွေ့မြင်လာရပါတယ်။

စစ်ကောင်စီ၏ အွန်လိုင်းစောင့်ကြည့် ထောက်လှမ်းမှုများကြောင့် ဖမ်းဆီးခံရသူ၊ ဖမ်းဝရမ်းထုတ်ခံရသူ၊ ပိုင်ဆိုင်မှု ဆုံးရှုံးသူ၊ တရားစီရင်ခံရသူနှင့် နေအိမ်မှထွက်ပြေးနေရသူ အရေအတွက် တိုးလာနေသည်

အွန်လိုင်းမှ ဝေဖန်သူများကို နှိမ်နင်းရန် စစ်ကောင်စီ အရှိန်မြှင့်နေ

by ခင်နဒီ
16 June 2023
6.8k

"လူမှုကွန်ရက်မှာ ပို့စ်တင်တဲ့အခါ၊ မှတ်ချက်ပေးတဲ့အခါ အရင် အရပ်သား အစိုးရအောက်မှာလို မလုံခြုံဘူးလို့ ခံစားနေရတယ်"

အမျိုးသမီးများအပေါ် နိုင်ငံရေး ပယောဂမကင်းသည့် အွန်လိုင်းအခွင့်အရေး ချိုးဖောက်မှုများသည် စစ်အာဏာသိမ်းမှုအပြီး ၅ ဆ တိုးလာသည်  / ဧရာဝတီ

စစ်ကောင်စီ ဆိုရှယ်မီဒီယာက အမျိုးသမီးများကို ပစ်မှတ်ထားခြိမ်းခြောက်

by ဧရာဝတီ
28 January 2023
3k

ခြိမ်းခြောက်မှုများ အားလုံးနီးပါက အမျိုးသမီးများကို ဖမ်းဆီးရန်နှင့် ပိုင်ဆိုင်မှုများကို သိမ်းယူရန် စစ်ကောင်စီကို တောင်းဆိုကြသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အပိတ်ခံရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်ရှိ VK အကောင့်နှင့် အသစ်ဖွင့်သော အကောင့်ကို တနင်္လာနေ့က မြင်ရစဉ်

တပ်ချုပ်၏ ရုရှားဆိုရှယ်မီဒီယာအကောင့် ဖယ်ရှားခံရပြီး ထပ်ဖွင့်

by ဧရာဝတီ
18 September 2018
36k

ရုရှားလူမှုကွန်ရက် VK တွင် အကောင့်သစ်ဖွင့်လှစ်ပြီး နှစ်ပတ်မျှ အကြာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်ရှိ အကောင့်သည် ဖယ်ရှားပစ်ခံခဲ့ရသည်။

Next Post
စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၁

မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၁

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved