• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

by ဧရာဝတီ
7 September 2024
in IT, Weekend Reading, သတင်း
A A
တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

စက်တင်ဘာလ ၅ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီ ဗော့စတော့ (Vladivostok) မြို့မှာ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေး ဖိုရမ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင် မိန့်ခွန်း ပြောကြားနေစဉ် / Reuters

1.2k
VIEWS
Share on FacebookShare on Twitter

တယ်လီဂရမ် (Telegram) တည်ထောင်သူ ပါဗယ် ဒူးရော့ဗ် (Pavel Durov) ကို ဖမ်းဆီး ထိန်းသိမ်းကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ လုပ်ရပ်အပေါ် နားမလည်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ ပြင်သစ် အနေနဲ့ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ပူတင်က ကြာသပတေး နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒူးရော့ဗ် နဲ့ ပူတင်ဟာ အရင်နှစ်တွေက စီးပွားရေး ဖိုရမ်တခုမှာ တကြိမ်သာ တွေ့ဆုံခဲ့ရပြီးနောက် သူတို့နှစ်ဦး ထပ်မံ ဆက်သွယ် တွေ့ဆုံခြင်း မရှိခဲ့ဘူး လို့လည်း သိရပါတယ်။

ရုရှား ကရင်မလင် နန်းတော် (Kremlin) ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ Dmitry Peskov ကတော့ ဒူးရော့ဗ် နဲ့ ပူတင်တို့ ဆုံတွေ့ဖူးတာကို သတိမထားမိကြောင်း ပြီးခဲ့တဲ့လက ပြောကြားထားပါတယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

တယ်လီဂရမ် ပလက်ဖောင်းပေါ်ရှိ လိမ်လည်မှု၊ ငွေကြေး ခဝါချမှု နဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်း သရုပ်ဖော် မှုများနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုများနဲ့ ဆက်နွယ်နေတဲ့ အတွက် ပြင်သစ်နိုင်ငံက ဒူးရော့ဗ် အပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒူးရော့ဗ် ရဲ့ ရှေ့နေကတော့ အဲဒီ စုံစမ်း စစ်ဆေးမှုတွေဟာ အဓိပ္ပာယ် မရှိကြောင်း ပြောကြားခဲ့ပါတယ်။

စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က ကျင်းပတဲ့ Mobile World Congress မှာ မိန့်ခွန်း ပြောနေတဲ့ တယ်လီဂရမ် တည်ထောင်သူ နဲ့ CEO ပါဗယ် ဒူးရော့ဗ် / Reuters

တယ်လီဂရမ် တည်ထောင်သူ နဲ့ CEO လည်းဖြစ်သူ ဘီလီယံနာ ပါဗယ် ဒူးရော့ဗ် ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ Bourget လေဆိပ်မှာ ဩဂုတ်လ၂၄ ရက်နေ့ ညက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ရုရှား စီးပွားရေး လုပ်ငန်းရှင် ဒူးရော့ဗ်ဟာ ဒူဘိုင်းမြို့မှာ အခြေစိုက်နေထိုင်သူ ဖြစ်ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ အဇာဘိုင်ဂျန် ကနေ ပြင်သစ်ကို ရောက်ရှိလာချိန် အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရပါတယ်။

ရုရှား အာဏာပိုင်တွေက တယ်လီဂရမ် သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေပေးဖို့ ၂၀၁၄ ခုနှစ်က တောင်းဆိုတာကို ငြင်းဆိုခဲ့ပြီးနောက် ဒူးရော့ဗ်ဟာ ရုရှားက ထွက်ခွာလာခဲ့ပြီး ယူအေအီး နိုင်ငံ ဒူဘိုင်းမှာ တယ်လီဂရမ် ရုံးချုပ်ကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

Telegram ဟာ သုံးစွဲသူ ၁ ဘီလီယံ နီးပါးရှိပြီး ရုရှား၊ ယူကရိန်း တို့အပြင် မြန်မာနိုင်ငံသားများလည်း သုံးစွဲမှုများတဲ့ ဆိုရှယ်မီဒီယာ တခု ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref : Reuters

Your Thoughts …
Tags: Telegramဆိုရှယ်မီဒီယာတယ်လီဂရမ်ပါဗယ် ဒူးရော့ဗ် (Pavel Durov)ပြင်သစ်ဘာသာပြန်ရုရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

Next Post
ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်း ၆ ကျောင်း ထိုင်းပညာရေးဝန်ကြီးဌာန ပိတ်သိမ်း

စူရတ်ဌာနီရှိ မြန်မာစာသင်ကျောင်း ၆ ကျောင်း ထိုင်းပညာရေးဝန်ကြီးဌာန ပိတ်သိမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved