စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူကို ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ အဖွဲ့တွေ ရောက်လာခဲ့ပါတယ်။
ဒီအပေါ် မြန်မာ့အရေး စောင့်ကြည့် လေ့လာသူတွေကတော့ တရုတ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေဟာ နိုင်ငံအတွင်းမှာရှိတဲ့ သူတို့ရဲ့ စီမံကိန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ အတွက်သာ ဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။
၂၀၂၃၊ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးမှာ စစ်ကောင်စီ အကြီးအကျယ် စစ်ရှုံးနေပြီး AA က ရခိုင်ပြည်နယ် တခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ရောက်သွားတာပါ။
ဒါကြောင့် စစ်ကောင်စီအနေနဲ့ ရခိုင်စစ်မျက်နှာမှာ ခုခံစစ် အပြင်းအထန် ပြုလုပ်နေသလို လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်တာနဲ့ ဒေသအတွင်း ထိတွေ့ တိုက်ပွဲတွေကြောင့် ဒီစီမံကိန်းကြီးတွေထဲက လုပ်ငန်းတွေ အချို့ကို ရပ်နားထား ရပါတယ်။
ဒီအခြေအနေတွေအပေါ် တရုတ်အနေနဲ့ စိုးရိမ်မှုတွေ ရှိနေပြီး စစ်ကောင်စီရော AA ကိုပါ နိုင်ငံရေး၊ စစ်ရေးအရ ဖိအားပေးမှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက မှတ်ချက်ပေးနေကြ ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR