အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီလက်လွှတ်ရတဲ့ မြို့ပေါင်း ၇၆ မြို့အထိ ရှိလာပြီ ဖြစ်ပါတယ်။
အဲဒီထဲက အများစုဟာ ပထဝီအနေအထားနဲ့ လက်နက်အင်အား တောင့်တင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သိမ်းထားတဲ့ မြို့တွေဖြစ်ပြီး စစ်ကောင်စီအနေနဲ့လည်း ဒီမြို့တွေကို ပြန်မသိမ်းနိုင်သေးပါဘူး။
ဒါပေမဲ့ PDF အဖွဲ့တွေ သိမ်းထားတဲ့ မြေပြန့်ဒေသက မြို့တချို့ကိုတော့ စစ်ကောင်စီက မြေပြင် ဝေဟင် အင်အားသုံးပြီး ပြန်လည်သိမ်းပိုက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက PDF တွေအနေနဲ့ မြို့တွေကိုသိမ်းပြီးရင် ထိန်းထားနိုင်ဖို့နဲ့ သိမ်းပိုက်နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေ ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ လိုတယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
#မြန်မာ #ဧရာဝတီ #ဒူဝါလရှီးလ #PDF #NUG #ဒီပဲယင်း