ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကျမသွားရေးအတွက် အာဏာသိမ်း စစ်တပ်ဟာ လေကြောင်း အင်အား အသုံးပြုပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး ဌာနချုပ်ကိုဝန်းရံထားတဲ့ နေရာတော်တော် များများကိုလည်း စိုးမိုးထားနိုင်ပြီ ဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကိုပြောပါတယ်။
ရခိုင်ပြည်နယ် တခုလုံးအပြင် ချင်းပြည်နယ်တောင်ပိုင်းကိုပါ ကွပ်ကဲရတာဖြစ်လို့ နပခ မကျသွားဖို့အတွက် စစ်ကောင်စီကမြေပြင်က စစ်အင်အားနဲ့ လေကြောင်း တိုက်ခိုက်မှု အများအပြားအသုံးပြုပြီး ခုခံတိုက်ခိုက်နေရတဲ့ အနေအထား ဖြစ်ပါတယ်၊၊ တကယ်လို့ စစ်ကောင်စီအနေနဲ့ နပခ ကို လက်လွှတ်ရမယ် ဆိုရင် တပ်ရင်းဌာနချုပ်တခုကို ထပ်မံဆုံးရှုံးရမှာပါ၊၊
#မြန်မာ #ဧရာဝတီ #နပခ #ရခိုင်ပြည်နယ် #အမ်းမြို့နယ် #AA
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR