တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီက ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ မြေပြင်တပ်ဖွဲ့တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်းလောက်ကစပြီး နိုင်ငံတကာက တရားဝင် ဝယ်ယူထားတဲ့ ဒရုန်းတွေ၊ အရည်အသွေးပြည့်မီတဲ့ ဒရုန်းတွေကို စစ်ကောင်စီတင်မကဘဲ စစ်ကောင်စီရဲ့ ပြည်သူ့စစ်၊ ပျူစောထီးတပ်တွေကပါ သုံးလာနေတာလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်လောက်ထိ တိုက်ပွဲတွေမှာ စစ်ကောင်စီက လက်နက်ကြီးအင်အား၊ တာဝေးပစ် လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသားပေးလုပ်ဆောင်ခဲ့ပေမဲ့ စစ်တပ်ဟာ ဒရုန်းတပ်တွေရဲ့ အရေးပါမှုကို သိရှိသွားပြီးနောက်ပိုင်း တန်ပြန် ဒရုန်းစစ်ဆင်ရေးတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy