ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီးတော့ မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်၊၊
ဒီတိုက်ပွဲကို AA က ၅၅ ရက်ကြားတိုက်ပွဲဆင်နွှဲခဲ့ရတယ်လို့သိရပြီး နောက်ဆုံးမှာတော့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီကလက်နက်တပ်ဆင် လေ့ကျင့်သင်ကြားပေးတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဖြစ်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ အာရကန် ရိုဟင်ဂျာတပ် (ARA) နဲ့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်၊၊
မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်ရေးအရ အရေးကြီးတဲ့တပ်စခန်းတခုဖြစ်တဲ့ နခခ – ၅ ကို စစ်ကောင်စီအနေနဲ့ ဘယ်လိုခုခံခဲ့သလဲ၊ AAအနေနဲ့ဘယ်လိုထိုးစစ်ဆင်ခဲ့သလဲဆိုတဲ့ အချက်တွေအပါအဝင် နောက်ဆက်တွဲအခြေအနေတွေကို AAရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ဆက်သွယ်မေးမြန်းထားပါတယ်၊၊
#မြန်မာ #ဧရာဝတီ #နခခ၅ #မောင်တော #ရခိုင်ပြည်နယ် #AA #ဗိုလ်မှူးချုပ်သူရိန်ထွန်း













