အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကာလမှာ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအဖြစ် ပူးပေါင်းပါဝင်ဖို့ နိုင်ငံရေးပါတီတချို့က စစ်ကောင်စီထံမှာ ကတိပြုထားတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ ပါတီဝင်တွေရဲ့ လုံခြုံရေး၊ ရွေးကောက်ပွဲကာလ လုံခြုံရေးနဲ့ ရွေးကောက်ပွဲ အပြီးကာလတွေမှာ လက်နက်ကိုင်ပြီး လုံခြုံရေး တာဝန်ထမ်းဆောင်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP) တို့က ကြိုတင် စာရင်းပေးခဲ့ကြတာလို့ဆိုပါတယ်။
နေပြည်တော် အစည်းအဝေးမှာလည်း NIDP ပါတီက လိုင်စင်နဲ့ သေနတ်လျှောက်ထားတာ ကျမလာသေးကြောင်း တင်ပြခဲ့သေးတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်း အင်အားတသောင်းကိုလည်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ နေပြည်တော် အစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
အဲဒီအထဲကမှ စစ်သင်တန်းဆင်း ၇ ထောင်ကို ကျဥ်စက်နဲ့ ရာဘာတုတ်လို လုံခြုံရေး လက်နက်တွေ ကိုင်ဆောင်ခိုင်းမှာဖြစ်ပြီး ကျန် ၃ ထောင်ကိုတော့ သေနတ်ကိုင်ပြီး လုံခြုံရေးယူခွင့် ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













