အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ဒေသခံလူငယ်တွေကို AA က ခေါ်ဆောင်ပြီး စစ်သင်တန်းပေးနေတာတွေ ရှိနေတယ်လို့ဒေသခံတွေက ဧရာဝတီကိုပြောပြပါတယ်၊၊
အသက် ၃၀ အောက် လူငယ်တွေကို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်တာဖြစ်တယ်လို့သိရပြီး AA ရဲ့နိုင်ငံရေးမှူးတွေက ဟောပြောစည်းရုံးပြီး လာရောက်ခေါ်ဆောင်ကြ တာလို့ဒေသခံတွေကဆိုပါတယ်၊၊
လာရောက်ခေါ်ဆောင်တဲ့အချိန်မှာမြို့နယ်၊ ကျေးရွာလုံခြုံရေးအတွက် ကာကွယ်ဖို့အတွက် စစ်သင်တန်းတက်ရမယ်လို့ပြောပြီး တလအတွင်းပြန်လည် ပို့ဆောင်ပေးမယ်လို့ ကတိပြုကာ ခေါ်ဆောင်သွားတာလို့သိရပါတယ်၊၊
မြို့၊ကျေးရွာလုံခြုံရေးအတွက် ရက်တိုသင်တန်းပေးမှုတွေရှိတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားပြီး ဒီလူငယ်တွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပို့ဆောင်တာမရှိဘူးလို့ဆိုပါတယ်၊၊
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR