တိုင်းစစ်ဌာနချုပ်တွေ တော်လှန်ရေးတပ်တွေရဲ့ ချေမှုန်းခြင်းခံလိုက်ရတာဟာ နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေအတွက် မျက်ခုံးလှုပ်စရာ ဖြစ်လာတယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်သူတွေက သုံးသပ်ကြပါတယ်။
အာဏာသိမ်း စစ်တပ်မှာ စစ်တိုင်း ၁၄ ခုရှိတဲ့အနက် ရှမ်းပြည်နယ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ဟာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တိုက်ခိုက်ချေမှုန်းခြင်း ခံခဲ့ရသလို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဆိုရင်လည်း အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်ချေမှုန်းမှုအောက်မှာ ကျရှုံးခဲ့တာဖြစ်ပါတယ်။
နပခ စစ်ဆင်ရေးမှာ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း တို့ကို AA က အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ရာနဲ့ချီတဲ့ စစ်သည်တွေလည်း AA ထံမှာ လက်နက်ချခဲ့ကြပါတယ်။
ဒီအခြေအနေတွေဟာ တပ်အတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိပြီး နောက်ပိုင်း စစ်ဆင်ရေးတွေမှာပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ CDM အရာရှိတွေက သုံးသပ်ပါတယ်။
#မြန်မာ #ဧရာဝတီ #နပခ #ရမခ #AA #MNDAA #CDM