တရုတ်ရဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေရှိနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက််ဖြူမြို့ကို အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဝိုင်းပတ် ပိတ်ဆို့ထားတယ်လို့ မြေပြင် စစ်ရေးသတင်း အရင်းအမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
ဒီလို ဝိုင်းပတ် ပိတ်ဆို့ထားတာဟာ ၂၀၂၄ ခုနှစ်ကတည်းက ဖြစ်ပြီး ကျောက်ဖြူမြို့ပေါ် တဝိုက်ကလွဲလို့ ကျန်တဲ့ မြို့နယ်အတွင်းက နေရာတွေကို AA က ထိန်းချုပ်ထားတာပါ။ အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ နှစ်ဖက်အကြား စစ်ရေး ပြင်ဆင်မှုတွေ ရှိနေပေမယ့် လတ်တလောမှာတော့ တိုက်ပွဲ ဖော်ဆောင်မှုတွေ မရှိသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ တရုတ်ရဲ့ အထူးစီးပွားရေးဇုန် SEZ စီမံကိန်းနဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) လုပ်ငန်းတွေ ရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ တရုတ်အတွက် တောင်အာရှ စီးပွားရေးစီမံကိန်းတွေ ဖြစ်သလို အရှေ့အလယ်ပိုင်းကနေ ဥရောပအထိ ဆက်သွယ်ပေးနေတဲ့ ကုန်သွယ်ရေး ကွန်ရက်ကြီး တခုလည်းဖြစ်ပြီး ဒေါ်လာဘီလီယံနဲ့ချီ တန်ကြေးရှိတဲ့ နှစ်ရှည် စီမံကိန်းလုပ်ငန်းကြီးတွေလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက တရုတ်ရဲ့ မဟာဗျူဟာကျ စီမံကိန်း ၁၀ ခုဟာ AA ရဲ့ ထိန်းချုပ် လက်အောက်မှာ ရှိနေတယ်လို့လည်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ကျောက်ဖြူ #AA #SEZ #တရုတ်အထူးစီးပွားရေးဇုန် #ခေတ်သစ်ပိုး
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













