ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က အသက် ၂၂ အရွယ် ကိုဉာဏ်ကြီးဟာ အလုပ်ရှာဖို့ ကားမှတ်တိုင်မှာ ထိုင်နေစဉ် လစာကောင်းတဲ့ အလုပ် လုပ်ရမယ်ဆိုတဲ့ စည်းရုံးမှုကြောင့် လိုက်သွားခဲ့ရာကနေ ရန်ကုန်တိုင်း မှော်ဘီက အင်ဂျင်နီယာတပ်ရင်းကို စစ်မှုထမ်းဖို့ ပို့ခံလိုက်ရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စစ်သားစုဆောင်းခံလိုက်ရတာဖြစ်ပြီး မှော်ဘီတပ်ကနေ တောင်ငူ ခြေမြန်တပ်ရင်းကို ရွှေ့ပြောင်းတဲ့အချိန် ၂၀၂၅ ဇန်နဝါရီလအတွင်းမှာပဲ ထွက်ပြေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အတူထွက်ပြေးလာသူတွေထဲက တဦးက တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၁ ကို အဆက်အသွယ်ရရှိခဲ့တာကြောင့် အခုချိန်မှာ ရဲဘော်အနေနဲ့ တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို အတည်ပြုကြောင်း ကြေညာလိုက်ပြီးနောက် ၂၀၂၄ ခုနှစ် မေလကစတင်ကာ စစ်မှုထမ်း အပတ်စဉ် ၁ စတင် ဖွင့်လှစ်ခဲ့တာ အခုဆို အပတ်စဉ် ၁၀ အတွက် ခေါ်ယူနေပြီဖြစ်ပါတယ်။
စစ်မှုထမ်းဥပေပြဌာန်းပြီးနောက် စစ်ကောင်စီဟာ အရပ်သားပြည်သူ ၁၂၀၀၀ ဝန်းကျင်ကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ သုတေသနအဖွဲ့ Spring Revolution Database (SRD) ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
#မြန််မာ #ဧရာဝတီ #စစ်မှုထမ်း #တောင်ငူ #မှော်ဘီ #အင်ဂျင်နီယာတပ် #စစ်သားစုဆောင်း
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













