သတင်းအမှား (misinformation) နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ သတင်းအချက်အလက် (disinformation) တွေ ပေါများကျယ်ပြန့်လာတာနဲ့အမျှ မီဒီယာနဲ့သတင်းအချက်အလက်ဆိုင်ရာ အသိပညာ (media literacy, information literacy) တွေကို ဘယ်လို ခွဲခြားကြမလဲ။
ဒီအကြောင်းတွေနဲ့ ဝါဒဖြန့်ချိမှု (propaganda) တွေရဲ့ သက်ရောက်မှုတွေအကြောင်း Pen International ရဲ့ အကျဥ်းကျစာရေးဆရာကော်မတီ ဥက္ကဋ္ဌ စာရေးဆရာမ မသီတာ (စမ်းချောင်း) နဲ့ သီးသန့် မေးမြန်းချက်ထဲက ကောက်နှုတ် တင်ပြလိုက်ပါတယ်။
Pen International ဟာ ကမ္ဘာတဝှမ်းက နာမည်ကျော် စာရေးဆရာတွေ၊ အယ်ဒီတာတွေ ပါဝင် ဦးဆောင်ပြီး စာပေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်တဲ့ ကမ္ဘာ့အဆင့်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း စာရေးဆရာတွေ စုစည်းပြီး Pen Myanmar အဖွဲ့ကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။
ဆရာဝန်တဦး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့အပြင် နိုင်ငံရေးအကျဥ်းသားလည်း ဖြစ်ခဲ့ဖူးတဲ့ ဆရာမ မသီတာ က ပန်မြန်မာ ကို ဦးဆောင်ခဲ့ပါတယ်။ ရသ၊ သုတစာပေကို အနှစ် ၄၀ ကျော် ရေးသားလာခဲ့ပြီး၊ မဂ္ဂဇင်းနဲ့ ဂျာနယ်အချို့မှာ အယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် နိုင်ငံတကာ အသိအမှတ်ပြုဆုတွေလည်း ပေးအပ်းချီးမြှင့်ခြင်း ခံရပါတယ်။
၂၀၂၄ နှစ်က “မြန်မာ့လူ့ဘောင်၏ နိုင်ငံရေးဖြတ်သန်းမှုများကို အများပြည်သူ နားလည်နိုင်အောင်” ရည်ရွယ်တဲ့ “အံ့စရာ ဝင်္ကပါ” (A-Maze) စာအုပ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













