ကရင်နီပြည်နယ်၊ ဘောလခဲမှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိအခိုက်၊ အကျအဆုံး များနေတယ်လို့ KNDF ရဲ့ ဒု-စစ်ဦးစီးချုပ် မာဝီက ဧရာဝတီကို အတည်ပြုပါတယ်။
KNDF နဲ့ ပူးပေါင်းတပ်တွေဘက်က လက်နက်ခဲယမ်း အမြောက်အမြားနဲ့ စစ်သုံံပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး အဲ့ဒီထဲ တပ်ရင်းမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးတဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။
မတ်လ ၁၉ ရက်နေ့မှာ KNDF နဲ့ ပူးပေါင်းတပ်တွေဘက်က ဘော်လခဲမှာ ရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်အကြားမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ပြောပါတယ်။
ကရင်နီပြည်မှာ ဘောလခဲဟာ စစ်ကောင်စီရဲ့ မြို့နယ်ရုံးတွေ အခြေစိုက်ရာမြိုဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်နဲ့ စစ်အင်အားအများအပြား သုံးပြီး ဘော်လခဲဗျူဟာအဖြစ် အခိုင်အမာ အခြေချတပ်စွဲထားတာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ဘောလခဲ #ကရင်နီ #မာဝီ #KNDF
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












