မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုပါ အင်အားပြင်း သက်ရောက်မှုရှိခဲ့ပြီး ဆောက်လက်စ အဆောက်အဦ ပြိုကျခဲ့တာကြောင့် အဲ့ဒီထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာ ပျောက်ဆုံးနေ ပါတယ်။
ဒီဆောက်လုပ်ရေးစီမံကိန်းဟာ ထိုင်းနိုင်ငံ ပြည်နယ်စာရင်းစစ်ရုံးအတွက် ဆောက်လုပ်နေတဲ့ အဆောက်အအုံအသစ်ဖြစ်ပြီး အထပ် ၃၀ ကျော်ရှိတဲ့ ဆောက်လုပ်လက်စ အဆောက်အဦဟာ ပြိုကျသွားခဲ့တာပါ။
ဒီစီမံကိန်းအတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားပေါင်း ၄၀၀ ကျော်ရှိတယ်လို့ ထိုင်းသတင်းဌာနတခုဖြစ်တဲ့ Thai PBS World က ဖော်ပြပါတယ်။ အဲ့ဒီထဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား ပါဝင်တယ်လို့လည်းသိရပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်း #ရွှေ့ပြောင်းလုပ်သား #ငလျင် #MyanmarEarthquake
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR