အင်အားပြင်း ငလျင်လှုပ်ခတ်မှုရဲ့ ဗဟိုချက်မ နေရာနဲ့ နီးတဲ့ စစ်ကိုင်းတောင်ရိုးနဲ့ မင်းဝံတောင်ရိုးဟာ ငလျင်ကြောင့် ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်း ၈၀ ရာခိုင်နှုန်းပျက်စီးသွားတယ်လို့ ဒေသခံ ဆရာတော် တပါးက ဧရာဝတီကို မိန့်ကြားပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့ရတဲ့ အဆောက်အဦတွေအောက်မှာ ရဟန်း၊ သံဃာတွေနဲ့ မယ်သီလရှင်တွေ ရှိပြီး ကယ်ဆယ်ရေး အချိန်မီမလုပ်ဆောင်နိုင်တာကြောင့် ၉၀ ရာခိုင်နှုန်း ပျံလွန်တော်မူနိုင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
လတ်တလောအခြေအနေမှာ ပြိုကျပျက်ဆီးနေတဲ့အဆောက်အဦတွေကို ဖယ်ရှားဖို့ လူအင်အား၊ စက်ပစ္စည်း ကရိယာတွေ အလုံအလောက်မရှိတာကြောင့် အပျက်အစီးပုံကြီးအတိုင်းပဲရှိနေသေးတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကိုင်း #မင်းဝံ #သာသနိက #သံဃာ #သီလရှင် #ရှေးဟောင်း #စေတီပုထိုး #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













