ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရပ်တွင် ဆူနာမီနိုင်ငံရေးနှင့်အတူ အာချေးမိုဒယ်သည် စံနမူနာယူစရာတခု ဖြစ်ခဲ့ပါသည်။ သို့သော် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က လှုပ်ခတ်သော တူရကီ၊ ဆီးရီးယား ငလျင်ကြီးတွင် ဆီးရီးယားငလျင်နိုင်ငံရေးသည် အောင်မြင်မှု မရခဲ့၍ ဆီးရီးယားမော်ဒယ်ဟူ၍ ပြစရာမရှိခဲ့သည်ကိုတော့ သတိပြုရန် လိုအပ်ပေလိမ့်မည်။
မြန်မာပြည် ငလျင်နိုင်ငံရေးတွင် တွေ့ကြုံရမည့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များအား ကိုင်တွယ်ရန် လွယ်ကူလှမည် မဟုတ်ပေ။ သို့သော်လည်း အောင်မြင်မှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဆွေးနွေးပွဲများကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်ကြသည်ဖြစ်စေ ပြည်ပဖိအားများအောက်တွင် မြန်မာပြည်တွင်းမှ နိုင်ငံရေးအင်အားစုအားလုံးသည် ငလျင်နိုင်ငံရေးကို လုံးဝရှောင်ဖယ်၍တော့ ရမည်မဟုတ်ပေ။ ငလျင်နိုင်ငံရေးကို ငြင်းပယ်သည့် အင်အားစုသည် နိုင်ငံရေးအရ လက်ဦးမှု မဲ့သွားနိုင်သည်။
မြန်မာ့နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွင် ပါဝင်သည့် အင်အားစုအားလုံးအတွက် ပြီးခဲ့သော လေးနှစ်တာကာလအတွင်း ကြုံခဲ့ကြသော အကျပ်အတည်းများကြားမှ ရုန်းထွက်နိုင်ပြီး အခွင့်အလမ်းကောင်းများ ရယူနိုင်သည့် အချိန်အခါသည် ယခုကာလဖြစ်၏။
အင်အားစုတိုင်းသည် မူလရည်မှန်းချက်ကို မစွန့်လွှတ်ဘဲ ရှေ့တလှမ်းတိုးရန်အတွက် နောက်တလှမ်းဆုတ်၍ အားမွေး ပြင်ဆင်၍ရသည့်ကာလလည်း ဖြစ်၏။ နည်းပရိယာယ် ကြွယ်ဝစွာ အသုံးပြု၍ရသည့် ကာလလည်း ဖြစ်၏။
ထို့ပြင် အိမ်နီးချင်းနိုင်ငံကြီးများ၏ ဖိအားနှင့် စွက်ဖက်မှုများကို ရင်ဆိုင်နေရသည်ဖြစ်ရာ မြန်မာ့ငလျင်နိုင်ငံရေးတွင် ထင်မှတ်မထားသည့် ခြေလှမ်းများနှင့် ပရိယာယ်များစွာကို မြင်တွေ့ရဖွယ်ရှိသည်ကိုတော့ သတိပြုရန် လိုအပ်ပေသည်။
ထို့အတူ မြန်မာ့ငလျင်နိုင်ငံရေးတွင် ပါဝင်နေကြသည့် မြန်မာ့နိုင်ငံရေး၊ စစ်ရေးအင်အားစုများ၏ နိုင်ငံရေးအရ အမျှော်အမြင်ကြီးမားမှု၊ နည်းပရိယာယ်အရ ကျွမ်ကျင်းပါးနပ်မှု၊ မိမိအင်အားကို ထိန်းသိမ်းနိုင်မှုများကိုလည်း မြင်တွေ့ရမည် ဖြစ်ပါသည်။
#မြန်မာ #ဧရာဝတီ #ငလျင် #ဆူနာမီ #မင်းအောင်လှိုင် #အာဆီယံ #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













