စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်း၊ အိုးတိန်တွင်းကျေးရွာက စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကလေးငယ် ၂၀ ကျော်နဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အိုးတိန်တွင်းကျေးရွာက အဖြစ်အပျက်ကို လူကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ဆရာမ ဒေါ်ရတီအုန်းရဲ့ ဗီဒီယိုကိုပြန်လည်ဖော်ပြလိုက်တာဖြစ်ပါတယ်။
ဆရာမဒေါ်ရတီအုန်းဟာ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းရဲ့ ကထိက ဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသူတဦးဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒီပဲယင်း #ရွှေဘို #အိုးတိန်တွင်း #စာသင်ကျောင်း #ဒေါ်ရတီအုန်း
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












