စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုဟာ စာသင်ကြားနေတဲ့ အချိန်ဖြစ်တာကြောင့် ကလေးတွေ သေဆုံး၊ ဒဏ်ရာရမှုများပြားခဲ့တယ်လို့ အဲဒီနေရာကိုရောက်ရှိနေတဲ့ ဆရာမ ဒေါ်ရတီအုန်း က ပြောပြပါတယ်။
ဆရာမ ဒေါ်ရတီအုန်းဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းရဲ့ ကထိက၊ ဌာနမှူး ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးကတည်းက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူဖြစ်ပါတယ်။ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းကို ရောက်ရှိနေချိန်မှာ ဒီအဖြစ်အပျက်ကို ကြုံလိုက်ရတာလို့ ဆရာမက ရှင်းပြပါတယ်။
စစ်ကောင်စီ လေတပ်က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကလေးငယ် ၂၀ ကျော်နဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အိုးတိန်တွင်းကျေးရွာကို ရောက်ရှိနေတဲ့ ဆရာမ ဒေါ်ရတီအုန်း ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကိုင်းတိုင်း #ဒီပဲယင်း #အိုးတိန်တွင်းကျေးရွာ #WhatsHappeningInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













