စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာ စာသင်ကျောင်း ဗုံးကြဲ တိုက်ခိုက်ခံရမှုဟာ ကလေးငယ်တွေကို စာသင်ကြားပေးနေကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေ အတွက်လည်း ယူကျုံးမရ ဖြစ်ခဲ့ကြရပါတယ်။
အပစ်ရပ်တယ်လို့ ကြေညာထားတဲ့ စစ်တပ်ဟာ ငလျင်ဒဏ် ကြုံထားရတဲ့ တိုင်းထဲမှာ ပါတဲ့ စစ်ကိုင်းတိုင်းထဲကို နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကြားနေတဲ့ ကလေးငယ် ၂၀ ကျော်နဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကလေးငယ်တွေကို စာသင်ကြားပေးနေကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ သဘောထားကို ဧရာဝတီက မေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကိုင်း #ဒီပဲယင်း #ဗုံးကြဲ #အိုးတိန်တွင်းကျေးရွာ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













