မြန်မာစစ်တပ်ရဲ့ သမိုင်းမှာ ခေတ်အဆက်ဆက် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လေယာဥ်ပစ်ချခံရတယ်ဆိုတဲ့ ဖြစ်စဥ်ဟာ ရှားပါးတဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။
အာဏာသိမ်းကာလ ၄ နှစ်အကြာမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လေယာဥ် ၁၂ စင်း အထိကို ပစ်ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်း လေးနှစ်အတွင်း လေယာဉ်တွေ ပျက်ကျမှုနဲ့ ပစ်ချခံရမှုတွေကြောင့် ဆုံးရှုံးမှု ပမာဏဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း တရာ နီးပါး ရှိနိုင်တယ်လို့ လေတပ်အရာရှိတွေက မှတ်ချက်ပြုပါတယ်။
#မြန်မာ #ဧရာဝတီ #လေတပ် #လေယာဉ် #ပစ်ချ #ပျက်ကျ #တိုက်ခိုက်ရေး #သယ်ယူပို့ဆောင်ရေး #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













