မြန်မာ့ပြည်တွင်းရေး ပဋိပက္ခ အမြန်ဆုံး ပြေလည်ရေး အာဆီယံအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးစကားဝိုင်းတွေဖြစ်လာဖို့ စစ်ကောင်စီကိုရော အတိုက်အခံအင်အားစုတွေကို တိုက်တွန်းဖိအားပေးမှုတွေရှိနေပါတယ်။
ဒါ့အပြင် မလေးရှားဦးဆောင်တဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အတိုက်အခံ အင်အားစုတွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့၊ ရွေးကောက်ပွဲ အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေးစကားဝိုင်းတခုပြုလုပ် အဖြေရှာကြဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွေးနွေး တိုက်တွန်းမှုတွေ ရှိခဲ့တယ်လို့လည်း အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အင်အားစုတွေက ဧရာဝတီကို ပြောပြပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံရဲ့ ချဉ်းကပ် လှုပ်ရှားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံမှာ မြန်မာ့အရေးအတွက် တောင်းဆိုလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ အထဲမှာ ပါဝင်တဲ့ ရှေ့ပြေးအသံအဖွဲ့ (PVM) တည်ထောင်သူ ဒေါ်ခင်ဥမ္မာကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #အာဆီယံ #ဒေါ်ခင်ဥမ္မာ #PVM #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













